ဒါပေမယ် အချစ်ဆိုတာ အရာဝထ္ထုတခုမှမဟုတ်တာ ..
.
.
.
.
.
.ညနေ့ပိုင်း ရေမချိုးခင် ခ ခြံထဲ့က အပင်လေးတွေကို ရေလောင်းနေရင် ဒီနေ့ တနေ့လုံးနေရတာ နားရွက်တွေ ယားနေသလိုလို မျက်ခမ်းစပ်တွေလှုပ်နဲ့ တချက်လေးမှ အဆင်မပြေ ။
..ဘာဖြစ်နေတာပါလိမ့် ခုတညနေလုံး နေရတာ ငါအကြောင်းတယောက်ယောက်များပြောနေတာလား.... နားရွက်တွေပူပြီ ခနခနယားနေတယ်
ရေချိုးမရသေးလို့ ဖြစ်မှာပါ... ကိုယ်လက်သန့်စင်လိုက်ရင်ကောင်းသွားမှာ ..
ခနကြာတော့ အပင်တွေကို ရေလောင်းနေရင် နောက်ကျောမလုံသလိုဖြစ်သွားတယ် တယောက်ယောက်များ ကိုယ်ကို ကြည့်နေသလားနဲ့ လှည့်ကြည့်တော့လဲ ခပ်လှမ်းလှမ်းမှာ ဒေါ်မြ တယောက်ပဲရှိတယ်..ဒေါ်မြလဲ သူအာရုံနဲ့ သူ ပန်းအိုးထဲ့က မြေကြီးတွေကို ခွရင်းတခုနဲ့ ဆွဲနေတယ်....
အပေါ်ထပ်ကို မသင်္ကာတာနဲ့ လှမ်းကြည့်မိတော့ ဦးမင်းသွေးပိုင် ဝိုင်ခွက်ကိုင်ပြီ ကျွန်တော်ကို လှမ်းကြည့်နေတယ် ကျွန်တော်လဲ ဘာလုပ်ရမှန်မသိတာနဲ့ သွားလေးပေါ်အောင်ပြုံးပြပြီ ရေပြန်လောင်းနေလိုက်တယ်..
တောင်တွေးမြောက်တွေးနဲ့... အပေါ်ထပ်ကို ထက်ကြည့်မိတော့ ဦးမင်းသွေးပိုင် ဝရန်တာမှာမရှိတော့ဘူး...
"ခ... ရေ...ခ..."
ဒေါ်မြ လက်မောင်နားကို လာကိုင်ပြီ လှုပ်ခေါ်မှ ခ အသိစိတ်ပြန်ဝင်သွားတယ်
"ဗျာ... ဒေါ်မြဘာဖြစ်လို့လဲဟင်.. "
"ခ..ရယ် ခေါ်လိုက်ရတာ ဒေါ်မြဖြင့် ခ.. မက်တပ်ရပ်ကြီး အိပ်ငိုက်နေတယ်ထင်နေတာ... "
ဟင်းးး ~ ဒေါ်မြ ခေါ်နေတာ မသိအောင် ငါဘာတွေများတွေးနက်နေပါလိမ့်..
" အာ~~ ဒီတိုင်း နောက်တပတ်နေရင် ဆေးရုံပြန်တင်းရတော့မယ်လေ အဲတာတွေးနေတာ "
ဟူးးး မိုးမခ ရေ လိမ်ရတာလဲ မလွယ်လိုက်တာ
သူများကို လိမ်တာထက် ကိုယ်ကို လိမ်ရတာ အပင်ပန်းဆုံးပဲဆိုတာ ခုမှပဲသိတော့တယ်.."ဒေါ်မြ သူဋ္ဌေးကို ညနေစာ ဘာလုပ်ပေးရမလဲ သွားမေးရင်...ခ ..ရော စားချင်တာ တခုခုရှိလား ဒေါ်မြလုပ်ပေးမယ်လေ. "
![](https://img.wattpad.com/cover/219234049-288-k811045.jpg)
YOU ARE READING
၃၁ဘုံမှာဦးအချစ်တတ်ဆုံး
Romanceတကယ်လို့ ကလေး နဲ့ သာမဆုံဖြစ်ခဲ့ရင် ဦး ကံကြမ္မာလဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဦးမတွေးဝံ့နိုင်ဘူး ဦးမင်းသွေးပိုင်ဆိုတဲ့ လူရဲ့ဘဝမှာလဲ နာမည်နဲ့လိုက်အောင် လိုချင်တာကို မင်း ရဲ့ သွေးပဲဖြစ်နေတာပါစေ ပိုင်ဆိုင်နိုင်အောင်လဲ လုပ်နိုင်တယ် ကလေးရဲ့ ဘဝကိုလဲ အတ္တမပါပ...
၃၁ဘုံမှာ ဦးအချစ်တတ်ဆုံး ၈(Z-U)
Start from the beginning