သူရိန်ကြည့်မိတော့ ဟုတ်တော့လဲ ဟုတ်ပါရဲ့ ကားကအကောင်းစားကားကြီးဖြစ်နေတာကို သူရိန်ဘဝမှာ အဲလိုမျိုးကားမျိုးကို တခါမှတောင် မမြင်ဖူးဘူး

"မဖြူ ကလဲ မမက မိန်းကလေးဆိုတော့ မမတားကြည့်ပါလား ရလိုရငြားပေါ်ဗျာ နော် "

မတားရင် နောက်ဖြတ်သွားမယ် လမ်းကြုံက နာရီနဲ့ ချီအောင် စောင့်ရတော့မယ်

ုဖြူစင်သူ သက်ပြင်းချပြီ

"အေးပါ အဲတာမျိုးကျ မဖြူ မဖြူနဲ့ မပြောလိုက်ခြင်းဘူး "

သူရိန် သွား ၃၂ချောင်းပေါ်အောင် စိပြရင်

.
.
.
ဒရိုက်ဘာဦးစိုး ခနကြားတော့ ကားနောက်ခန်းထဲ့ကို လှည်လာပြီ

"သူဋ္ဌေးလေး ဟိုရှေ့နားမှာ ဘာဖြစ်လို့လဲမသိဘူး မိန်းကလေးတယောက် ကျွန်တော်တို့်ကားကို တားနေတယ် ဘေးချရပ်ပေးလိုက်ရမလား "

မိန်းကလေးတယောက် အသံကြားတော ဥက္ကာ တို့ ဟန်မဆောင်နိုင်စွာ ကားထိုင်ကုန်နောက်ကျောကို မှီနေရင် ခေါင်းဆက်ခနဲ့ထောင်လာတယ်

ပြီမှ ကိုယ်ရှိန်ပြန်သတ်ရင် သူမဟုတ်သလိုနဲ့

အင်းဆိုတဲ့ သဘောနဲ့ လက်ပြလိုက်တယ်

.
.
.
ကံကောင်းစွာ ဖြူစင်သူ တားလိုက်တဲ့ အရှိန်နဲ့ မောင်းနှင်လာတဲ့ ကားဟာ လာဘေးချရပ်လာတယ်

ကားခေါင်းခန်းထဲ့က မှန်တံခါးချတော့
ဦးလေးကြီးတယောက် က

"ဒိက တူမကြီးတို့ ဘာဖြစ်လို့လဲ "

ဦးစိုးလှမ်းမေးလိုက်တော့

"ကျွန်မတို့က ဖားကန့်က ဆရာဝန်တွေပါ ဟိုဘက်မြို့မှ ဆေးခန်းသွားထိုင်ရင် အပြန် ကို လမ်းကြုံလိုက်ခြင်းလို့ပါ "

ဥက္ကာ ခုနက မွှန်နေတဲ့ စိတ်ကြောင့်သာ ကားရပ်ြေးလိုက်ပြောတာ ခုမှသတိရမိတယ် ဒိလိုနေရာမျိုးက သူခိုး ပုန်ကန်သူတွေ ရှိလာမရှိဘူးလားဆိုတာ ပြောမရဘူး ဥက္ကာ အမြန်ပင် နောက်ခန်းကနေ စကားဟလိုက်တယ်

"ဦးစိုးကလဲ လူကောင်းမှန်မသိ လူစိုးမှန်မသိ လမ်းကြုံတိုင် တင်ခေါ်ရမှာလား "

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now