သို့သော် ကံကြမ္မာကတော့ Jiminကို လူဆိုးလေး တစ်ယောက် ဖြစ်စေချင်ပုံရပါသည်။ခေါင်မိုးထပ်
ကို တက်သည့် လှေကားထစ်အဆုံးကို ရောက်ရောက်ချင်း မြင်လိုက်ရသည်ကသစ်သားကွပ်
ပျစ် ပေါ်ထိုင်နေရင်း လှေကားထစ်ဘက်ကို ထိုင်ကြည့်နေသည့် ထိုလူ၏ပုံရိပ်လေးဖြစ်သည်။

အခြေအနေကို တစ်ချက်အကဲခတ်ကာ ပုံမှန်
အတိုင်းနှုတ်ဆက်စကားဆိုလိုက်မိသည်။

"မင်္ဂလာပါ။ မတွေ့တာကြာပြီနော်..."

"ဟိုနေ့က ချော်လဲတာ သက်သာရဲ့လား"

"ဟုတ်..သက်သာပါတယ်။ ဒဏ်ရာက မဖြစ်
စလောက်လေးဟာ"

ထိုလူ့ကို ပြန်ဖြေရင်းနှင့် အိမ်ရှေ့တံခါးနားကို
လဲ လှမ်းကြည့်ရသေးသည်။ သို့သော် သူ့ရဲ့လက်
ပတ်ကြိုး နီနီရဲရဲလေးကိုဖြင့် မတွေ့ရပေ။ထိုလူ
များ ကောက်ရသွားပြီလား။ ဒါမှမဟုတ် တခြား
လူများ ကောက်ရသွားတာလား?

"အရသာရှိရှိသုံးဆောင်ပါ.... ခွင့်ပြုပါဦး"

Jimin က နှုတ်ဆက်ပြီး ပြန်လှည့်ထွက်သည့်
အချိန်တွင်

"ကောင်လေး"

"ဗျာ"

နောက်ပါးဆီက ခပ်တိုးတိုးလှမ်းခေါ်သည့် အသံ
လေးက မဆုံးနိုင်တဲ့ ပူဆွေးသောကတို့အတွက်
အစတည်ရာ...၊ ဖန်တီးသူကတော့ တခြားသူမ
ဟုတ်။ Jimin ကိုယ်တိုင်သာဖြစ်သည်။

"ဒါလေး မနေ့က မုန့်ထုပ်ထားခဲ့နေကျ နေရာ
နားကနေ တွေ့လို့... မင်းရဲ့ဟာလား"

မေးခွန်းမေးနေရင်းက ထိုလူက ထိုင်နေရာကနေ
ထကာ Jimin ဆီသို့ လျှောက်လှမ်းလာသည်။မျှော်လင့်ချက်အပြည့်နဲ့ စိတ်လှုပ်ရှားနေပုံရတဲ့
ထိုလူရဲ့ မျက်လုံးဝိုင်းလေးတွေက Jiminခန္ဓာ
ကိုယ်ထဲက စိတ်မိုက်စိတ်ရိုင်းတွေကို ရှေ့ဆက်
တိုးဖြစ်အောင် လှုံ့ဆော်လိုက်သလိုပင်။

Jiminဆီက အဖြေစကားကိုငံ့လင့်နေသည့်
ထိုသူရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ယခင်နေ့
တွေကထက် အဆများစွာ သာလွန်တောက်ပနေ
သည်ကို ကြည့်ခြင်းဖြင့် လက်ပတ်ကြိုးလေးရဲ့
ပိုင်ရှင်အပေါ်ထားရှိခဲ့သည့် သံယောဇဉ်က ပေါ့
သေးသေးမဟုတ်တာကို ခံစားလိုက်ရသည်။

Unconditional LoveWhere stories live. Discover now