"သူသာ မရှိခဲ့ရင် အခုချိန် ငါတို့ လယ်ထွန်တဲ့ နည်းလမ်းလည်း မသိ၊ လူတကာအပယ်ခံရပြီး တောင်တွေကြား စမ်းတဝါးဝါးလျှောက်သွားနေရဦးမှာ အရှင့်ကြောင့် ငါတို့မှာ သစ္စာ၊ အိမ်၊ စွမ်းရည်၊ ချမ်းသာမှုတွေ ရရှိနိုင်ခဲ့တယ် အရေးအကြီးဆုံးက သူငါတို့ကို ဂုဏ်သိက္ခာပေးခဲ့တယ်"

"သူပေးတာကျ အလကားအကုန်ယူခဲ့ပြီး နောက်ဆုံးကျမှ သူ့ကို ကျောခိုင်းတယ် အပြစ်တင်တယ်" တီမာက အော်ပြောနေရင်းမှ မျက်ရည်ကျလာသည် "နင်တို့ မရှက်ကြဘူးလား"

လူဆိုင်း ခေါင်းငုံ့သွားကြကာ အသံထွက်မလာတော့။

ခဏကြာမှ ယောက်ျားတစ်ယောက်က ခပ်တိုးတိုး ထပြောသည် "ဒါပေမဲ့ သူက မကောင်းမှု နတ်ဘုရားလေ...."

"အဲ့တော့ရော ဘာဖြစ်လဲ" တီမာက ပက်ခနဲ ပြန်ပြောသည် "ငါတို့အပေါ် မကောင်းတာတစ်ခုခု လုပ်ခဲ့သလား တစ်ယောက်ယောက်ကို ထိခိုက်စေခဲ့သလား ဘာမှ မလုပ်ခဲ့ဘူး အမြဲတမ်း ငါတို့အတွက် တိတ်တဆိတ် ကာကွယ်ပေးခဲ့ ကူညီပေးခဲ့တာချည်းပဲ အဲ့တော့ သူဘာပဲဖြစ်နေနေ ငါကတော့ ဆက်ကိုးကွယ်နေမှာပဲ ဒါ့အတွက် အသက်ပေးရမယ်ဆိုရင်တောင် ပျော်ပျော်ကြီး သေပေးလိုက်မယ်"

လူတိုင်းက တီမာ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို ကြည့်ကာ ရှက်ရွံ့သလို ခံစားမိကြသည်။ နှစ်အတော်ကြာအောင် ဤနတ်ဘုရားနှင့် သူတို့ အချင်းချင်း ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နေထိုင်ခဲ့ကြသည်။ သို့သော် အပြင်လူတွေမှ ဖယ်ကျဥ်၍ ဝေဖန်ခံရတာကြောင့် သူတို့နတ်ဘုရားကို စွန့်ပစ်ရက်ခဲ့ကြသည်။ တီမာပြောသလိုပင် ၎င်းတို့ ပူဇော်မှုများသည် သတ်ဖြတ်ခြင်းကို မြတ်နိုးသော မကောင်းမှုနတ်ဘုရားအတွက် ဘာအကျိုးမှ မဖြစ်နိုင်ပေ။ ဒါတောင် ၎င်းတို့ကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးထားခဲ့သည်။ ဒဏ္ဍာရီလာ မကောင်းမှုနတ်ဘုရားကား ဆိုးသွမ်းယုတ်မာနိုင်သော်လည်း ၎င်းတို့ကိုးကွယ်သော အူနိုကား ၎င်းတို့ကို ဘဝအသစ်တစ်ခု ပျိုးထောင်ပေးခဲ့သော သူတော်စင်တစ်ပါးဖြစ်သည်။

ရင်ထဲမှ အမုန်းများ ပြေသွားကြသော်ငြား ဆုံးဖြတ်ချက်ရဲရဲမချနိုင်သေးသော လူများကတော့ ကျန်ရှိနေသေးသည်။ ၎င်းတို့သည် ဖြောင့်မတ်ရိုးရှင်းကြသူများ ဖြစ်ရာ မကောင်းမှုနတ်ဘုရားတစ်ပါးအား ကိုယ့်နတ်ဘုရားအဖြစ် ချီးမြှောက်ရန်မှာကား....အမှန်အမှား လမ်းစဥ်ကို သတ်မှတ်ပြီးသော ၎င်းတို့အနေဖြင့် ချက်ချင်းကြီး ပြောင်းလဲပစ်လိုက်ဖို့ မလွယ်ပေ။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now