PART 13

681 77 20
                                    

ရုံးမှာ အကုန်စီစဉ်စရာရှိတာတွေ စီစဉ်ပြီး
အိမ်ကို စောစော ပြန်လာလိုက်တယ်
ပြန်ရောက်ရောက်ချင်း မောင့်ကိုရှာပေမယ့်
အိမ်အောက်ထပ်တခုလုံးရှာနေတာလဲမတွေ့ရ
အိမ်ပေါ်ထပ် အခန်းထဲဝင်ကြည့်တော့မှာ ကုတင်ထက်မှာ အိပ်ပျော်နေတဲ့မောင်
ပါးပြင်လေးကို မွှေးကြူကြည့်လိုက်တော့ မျက်လုံးလေးတွေဖြည်းဖြည်းပွင့်ပြီးနိုးလာတဲ့မောင်

"ဟင် ကိုကို အစောကြီးပဲ ပြန်လာတယ် "

"မစောတော့ပါဘူး ၅နာရီပဲထိုးတော့မှာကို "

"ဟီး အိပ်ပျော်သွားတာ ပြန်လာတာတောင်မသိလို့ဘူး 😁😁"

မျက်လုံးလေးတွေ ပိတ်တဲ့အထိရီပြနေတယ်မောင်
အဲ့လိုလှပတဲ့အပြုံးတွေမရီပြပါနဲ့လားမောင် ကိုယ့်ရဲ့စိတ်တွေမင်းရဲ့နှုတ်ခမ်းအောက်မှာ ထိန်းချုပ်ရခက်မှာစိုးလို့ပါ

" ကိုကို​!!!!ဘာကြည့်နေတာလဲ​ မေးနေတာကို မဖြေဘဲနဲ့ "

ဘယ်လောက်တောင်ငေးလိုက်မိလဲမသိ စိတ်ဆိုးဆိုးနဲ့အော်မှ သတိကပ်တော့တဲ့ကိုယ့်အဖြစ်

"အမ်ဘာမေးလိုက်တာလဲ "

"ဒီလောက်နီးနီးလေး ပြောနေတာကို ဘယ်သူ့အကြောင်းတွေးနေတာလဲ "

"မဟုတ်ပါဘူးကွာ ဒီအတိုင်း အလုပ်ကိစ္စ တွေးစရာပေါ်လာလို့ "

"အဲ့ဆိုလဲ နားတော့ ညစာ ပြင်ထားလိုက်မယ် "

"မပြင်နဲ့တော့မောင် ကိုယ် sehun တို့နဲ့ ချိန်းထားလို့ "

"အင်းအဲ့ဒါဆိုလဲ ပြီးရောလေ''

ရေချိုးပြီး sehun တို့ဆီ ထွက်လာခဲ့တယ်

"ပြောပါအုံး မင်းဘာဆက်လုပ်မှာလဲ ဆိုတာ "

"စောင့်ကြည့်ပါအုံးကွာ တဖြေးဖြေး မြင်လာလိမ့်မယ် အခုက မင်းတို့ကို အကူအညီတောင်းဖို့ "

"ဘာလဲ ဘာလုပ်ပေးရအုံးမှာလဲ ပြောဆိုတော့မပြောဘဲ လျှိုထားပြီးတော့''

ဆူဆူအောင့်အောင့်နဲ့ ထွက်လာတဲ့ sehun အသံ

"ငါ မနက်ဖြန် ညနေ china သွားရမယ် ကိစ္စရှိလို့ ပြိးတော့ နောက်အပတ်မှာ မောင့်မွေးနေ့ရှိတယ် ဒီကြားထဲ US က products အသစ်ထုတ်ဖို့က မှန်းထားတာထက်စောထုတ်မှာ ဆိုတော့ကွာအဲ့ဒါ မောင့်မွေးနေ့အတွက် မင်းတို့၂ယောက် စီစဉ်ပေးပါလား "

မင်းတယောက်ကြောင့်(မင်းတယောက်ကြောင့်)Where stories live. Discover now