တိုက်တိုက်ဆိုင်ဆိုင်ပဲ "မေတ္တာရိပ်မြုံ ဂေဟာ"
ကတဲ့လား။ဒီအချက်အလက်တွေကိုသာ Jimin
မသိခဲ့ပါလျှင် ခေါင်မိုးထပ်ကဆရာဝန်နှင့် Jimin
တို့နှစ်ယောက်ရဲ့ ရေစက်က ခပ်တိုတိုနှင့် အဆုံး
သတ်သွားဖို့ရှိသည်။ အခုတောင် TaeHyung
ဆိုင်မှာ ဝန်ထမ်းရပြီးပြီမို့ မုန့်ပို့ပေးဖို့တောင်
မလိုတော့တာလေ...။

ခေါင်းထဲကို ရောက်လာတဲ့ မကောင်းတဲ့အတွေး
ဆိုးဆိုးတွေကြောင့်လဲ တစ်ယောက်ထဲဆောက်
တည်ရာမရဘဲ ပူလောင်ရပြန်သည်။သူက ဖိုးဖိုး
ကို လုယူထားတာပဲဟာ Jiminကရော သူ့အ တွက် တန်ဖိုးရှိမယ် ထင်ရတဲ့အရာကို ခဏလေး
ယူထားလို့မရနိုင်ဘူးလား။Jimin က အရင်ရှာ
တွေ့တာပဲဉစ္စာ။

ဖန်ခွက်ထဲက လက်ကျန်ဝီစကီတို့ကို မော့ချ
လိုက်တော့ လည်ချောင်းမှတစ်ဆင့် ပူနွေးစွာ
စီးဆင်းသွားသည်။ နှစ်ရက်လုံး TaeHyungရဲ့
ဆိုင်ကိုရော အိမ်ကိုရော မသွားဖြစ်တဲ့အပြင်
ဖုန်းတောင်တစ်ချက်မဆက်ဖြစ်တော့ ထုံးစံ
အတိုင်း TaeHyungက အိမ်အထိရောက်ချလာ
သည်။

"Yoongi Hyung ငါ့ဆီဖုန်းဆက်ထားတယ်"

"အင်း"

"ဘာတွေဖြစ်နေတာလဲ"

ရှုပ်ပွနေသည့် စားပွဲပေါ်က မီးဖိုချောင်သုံးပစ္စည်း
နှင့် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည့် ဟင်းခွက်
တွေရဲ့ အလယ်မှာ အရက်တစ်ခွက်နှင့် ခပ်မှိုင်မှိုင်
ထိုင်နေသော Jiminကိုကြည့်ရင်း TaeHyungက
မေးလိုက်သည်။

Jiminက ခေါင်မိုးထပ်က ဆရာဝန်အကြောင်း
နှင့် Jiminစိတ်ထဲက အကြံဆိုးတို့ကို Taeကို
ပြောပြမိတော့...

"အဲ့လောက်အထိလုပ်ရမှ ဖြစ်မှာလား "

TaeHyungက Jiminလက်ထဲက လက်ပတ်ကြိုး
လေးကို အုပ်ကိုင်ထားရင်းနှင့် မေးခွန်းထုတ်လာ
သည်။

"ဘာလဲ....အဲ့လိုလုပ်လို့မရဘူးလား။ သူလဲ ဖိုးဖိုး
ကို လုယူသွားတာပဲဟာ"

Jimin က ရီဝေဝေနှင့်ပြန်ဖြေတော့ TaeHyung
က သက်ပြင်းမောကို ချလိုက်ကာ

"ဒီကိစ္စကို ဒီအတိုင်းပဲကျော်သွားလိုက်ရအောင်"

"ဟင့်အင်း"

Unconditional LoveМесто, где живут истории. Откройте их для себя