အပြန်အလှန် သိသမျှ သွန်ချဆွေးနွေးကြပြီးနောက် ရှန့်ခယ်၏ မူလဇာတ်ရုပ်မှာ လူသိရှင်ကြားဖြစ်သွားတော့သည်။ သူ ဘယ်သူလဲသိသွားကြပြီးနောက် အရင်က ရှန့်ခယ်ကို ပြဿနာသွားရှာထားခဲ့ဖူးသော နတ်ဘုရားလေးများမှာ ချွေးစေးပြန်ကုန်ကြသည်။ ဤသူကား လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ကျွန်းစုတစ်ပြင်လုံး သွေးဖုံးလွှမ်းစေခဲ့သည့် မကောင်းမှုနတ်ဘုရား အူနိုးစ်မှ ဟုတ်ပါလေစ။ သူသည် အန္တာရယ်ရှိပုံ မပေါက်ရုံသာမက ပေါတောတောလေးနှင့် ချစ်ဖို့တောင် ကောင်းနေသေးသည်။ ထို့ပြင် သူသည် သက်မွေးဝမ်းကြောင်း ပညာရပ်များကို ကျွမ်းကျင်ထားပြီး ကန်းစ်မြို့တော်၏ နာမည်ကြီး ထုတ်ကုန်အများစုမှာ သူ၏ ကိုးကွယ်သူများထံမှ ထွက်တာဖြစ်သည်။

သရုပ်မှန်ကို မသိခဲ့ကြသော နတ်ဘုရားများသည် ရှန့်ခယ်အား ချစ်စရာရိုးစင်းသောနတ်မှင်စာလေးဟု သတ်မှတ်ထားခဲ့ကြသည်။ သို့သော် သူ၏ မူလစွမ်းအင်မှာ ချစ်ဖို့ မကောင်းသည့်အပြင် သွေးဆာနေဟန်ရသည်။ ဒီ အရှင်မကောင်းမှုနတ်ဘုရားက သရုပ်ဆောင်မတော်လွန်းဘူးလား? အလင်းနယ်နိမိတ်ထဲသို့ ခမ်းနားတောက်ပစွာ ဝင်လာရဲရုံသာမက စစ်နတ်ဘုရား၏ ချီးမြှောက်မှုကိုလည်း ခံထားရသေးသည်။ အပြောများအရဆိုလျှင် နှစ်တစ်ထောင်ခန့်က မကောင်းမှုနတ်ဘုရားကို စစ်နတ်ဘုရားက ချိတ်ပိတ်ခဲ့သည်ဖြစ်ရာ ဥပဒေသကျကျဆိုပါက နှစ်ဦးသားအာဃာတမပြေသည့် ရန်သူများ ဖြစ်နေကြရမှာ ဖြစ်သည်။ ဘယ်လိုအကြောင်းကြောင့် ဤမျှ အဆင်ပြေနေကြရသနည်း။ မကောင်းမှုနတ်ဘုရား၏ အိပ်ရာအတွင်းမှ အစွမ်းများက ကောင်းကင်ကိုဆန်ပြီး ဖောက်ထွင်းနိုင်သည်အထိ ကောင်းလွန်းသဖြင့် စစ်နတ်ဘုရားတောင် လက်မြှောက်လိုက်ရသည်လော။

နတ်ဘုရားကြီးများကြားမှ ကိစ္စများမှာ နတ်ဘုရားလေးများနှင့် သိပ်တော့မဆိုင်။ ၎င်းတို့ကို ကိုးကွယ်သူများ ရှိနေသရွေ့ အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်သည်။ အဆိုးဆုံးအခြေအနေဆိုတောင် နတ်စွမ်းအင်များ ထိခိုက်တာလောက်ပဲ ရှိမည်။ မည်သို့ပင်ဖြစ်စေ အလင်းနတ်ဘုရားများ၏ အဖြေကရှင်းသည်။ မကောင်းမှုနတ်ဘုရားနှင့် ၎င်းတို့ကြား စည်းချကာ ဆက်ဆံဖို့ အစီအစဥ်မရှိ။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now