Chapter - 2

Mulai dari awal
                                    

ကျွန်တော်တောင်းပန်ပါတယ် … အိုမီဂါတစ်ယောက်ဖြစ်တာတောင်မှ မိဘတွေကိုပျော်ရွှာင်အောင်ထားပြီး ကာင်းမွန်တဲ့မိတ်ဖက်ကို မရှာဖွေနိုင်ခဲ့လို့ တောင်းပန်ပါတယ် …

သူတို့ပြန်သွားတော့ မျက်ရည်လေးဝဲနေတာ မျက်နှာလေးနဲ့ မေမေအခန်းထဲဝင်လာပြီး ကျွန်တော့ဘေးမှာလာထိုင်တယ် … ဖေဖေကတော့ ဆေးအရှိန်ကြောင့်အိပ်နေတုန်းပဲ … အိမ်ကိုထိုလူတွေလာသွားတာတောင် ဖေဖေကမသိလိုက်ဘူး … ကျွန်တော်တို့အရှေ့မှာ နှစ်ခြိုက်စွာအိပ်နေတယ် …

မေမေက ကျွန်တော့လက်လေးတွေကို သူ့ရဲ့လက် ၁ ဖက်နဲ့ ထွေးကိုင်လိုက်ရင်း ပြောလာတယ် …

" သားလေး … ပါတနာရွေးချယ်ပွဲကို သွားရလိမ့်မယ် …

စောစောက အဖွဲ့အစည်းကလူတချို့ သားကိုဒါလေးပေးသွားတယ် …

မေမေမငြင်းနိုင်ခဲ့ဘူး "

ကျန်လက်တစ်ဖက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အနက်ရောင်ကြိုးလေးနဲ့ နာမည်ကဒ်ပြားလေးချိတ်ဆွဲထားတဲ့ ကြိုးလေးကို ကျွန်တော့ထံကမ်းပေးလာတယ် …

သူမလက်လေးတွေက တုန်ရီနေဆဲ … လက်ထဲကပစ္စည်းလေးက သာမန်ကြည့်ရင် လည်ပတ်လေးတစ်ခုပါ … ဒါပေမဲ့ ကျွန်တော်တို့ အိုမီဂါတွေအတွက်ကတော့ ဘဝတစ်ခုစာ တံဆိတ်ရိုက်နှပ်ခံရမဲ့ တံဆိတ်တုံးတစ်ခုပေါ့ …

ပါတနာရွေးချယ်ပွဲတဲ့လား … အဟား … အဲ့ဒါကို လူတွေကိုရောင်းစားတဲ့ပွဲလို့တာပြောလိုက်ပါတော့လား … သောက်ရေးမပါတာတွေ …

အိုမီဂါတွေရဲ့ဘဝက တကယ်တော့ မလွယ်ကူလွန်းပါဘူး … သူတို့က ရှားပါးသလို ထူးခြားတဲ့ရနံ့တွေ ထုတ်လွှတ်နိုင်တော့ အယ်ဖာတွေရဲ့အကြိုက်ပေါ့ … ဒါကြောင့် အိုမီဂါတွေကို စောင့်ရှောက်ဖို့နဲ့ သူ့တို့ဘဝဣကိုလမ်းပြပေးဖို့ အဖွဲ့အစည်းတွေ တည်ထောင်ထားကြတယ် …

၂၅ နှစ်ပြည့်တဲ့ထိ မိတ်အယ်ဖာ မရှာနိုင်သူတွေ အနှောက်အယှက်ခံရသူတွေ အားနည်းတဲ့အိုမီဂါတွေကို ကူညီပေးတဲ့အဖွဲ့အစည်းတစ်ခု …

အနယ်အရပ်ရပ်က ဆင်းရဲကြတဲ့ သာမာန်အိုမီဂါတွေက သူတို့ထံ စာရင်းပေးသွင်းထားရတယ် … အကယ်၍ သူတို့ကို စာရင်းပေးမထားပဲ အဲ့ဒိအိုမီဂါက အသက် ၂၅ ကျော်နေပြီး တစ်ခုခုဖြစ်ခဲ့ရင် အဖွဲ့အစည်းက တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူး … သူတို့က သူတို့လက်အောက်က အိုမီဂါကိုပဲ စောင့်ရှောက်ပေးကြတယ် … အိုမီဂါတွေ ပါတနာရွေးချယ်ပြီးတဲ့အထိပေါ့ …

Mafia Is My Alpha ( Lion ) { Completed }Tempat cerita menjadi hidup. Temukan sekarang