"ခဏနော် uncle ဟိုနေ့က ကိစ္စ က yoongi ကိုလဲ အပြတ်ပြောပြီးသားဖြစ်လို အဲ့ပွဲမှာလဲ တခါတည်းငြင်းပြီးသားထင်တယ် "

"အဲ့ဒါ ဆိုရင်တော့ မောင်ရင်နဲ့ပြောစရာမရှိတော့ဘူး မရေရာတဲ့ လုပ်ငန်းမှာ ငါ့ငွေကို မရင်းနှီးနိုင်ဘူး အဲ့တော့ "

"Ok uncle ကျွန်တော်က စီးပွားရေးလုပ်တဲ့သူဆိုတော့ စကားအသွားအလာအရ ဘာကိုရည်ညွှန်းချင်လဲဆိုတာ သိတာမို့ uncle အမောခံပြီး အဆုံးထိပြောနေစရာမလိုပါဘူးမနက်ဖြန် ရုံးဖွင့်တာနဲ့ share ကိစ္စ ချက်ချင်းလုပ်ပေးလိုက်ပါ့မယ် "

"ပြိးတော့ငါ့ သမီးကို မင်းလက်ထောက်မလုပ်ခိုင်းတော့ဘူး အရည်ချင်းရှိတဲ့ သင်ယူမှုတွေလုပ်နိုင်ဖို့ မလိုအပ်တဲ့ နေရာမှာ အချိန်ကုန်မခံ စေချင်ဘူး "

"Daddy!!!!!"

"အဲ့ဒါကတော့ uncle သမီးနဲ့ညှိလိုက်ပါ ခွင့်ပြုပါအုံး "

လှည့်ထွက်ခါနီး

"အော် ဒါနဲ့ ကျွန်တော့်လက်အောင်မှာလုပ်ရင် အရှိန်အဝါကြောင့် ရောက်လာတဲ့သူတွေကို ကြာကြာမထားဘူး အရည်ချင်းရှိရှိနဲ့ ကိုယ်တိုင် ကြိုးစားချင်တဲ့သူတွေကိုပဲ ထားတာဆိုတော့ yoongi မင်းမနက်ဖြန်က စပြီးငါ့ကုမ္ပဏီလာစရာမလိုတော့ဘူး "

***ကောင်လေး မင်းက မလွယ်ဘူးဘဲ ဒီပုံအတိုင်းသာဆိုရင်ငါစီစဉ်ထားတာပျက်ကုန်တော့မယ် ငါအစီစဉ်ပျက်ရင်တော့ မင်းလဲ လွယ်မယ်မထင်နေနဲ့ ***

"Jong Jong ခဏနေပါအုံးဟာ..."

အနောက် က လှမ်းခေါ်တဲ့ သူမရဲ့အသံကို လျစ်လျူ ရှုခဲ့လိုက်တယ်
ငါဆိုတဲ့ Kim Jongin က ငါ့ရဲ့အချစ်အတွက် အပြည့်အဝကာကွယ်တော့မှာမို့လို့ မလိုအပ်တာတွေအခုကတည်းက ဖယ်ရှားလိုက်ခဲ့ပြီ

အိမ်က ကိုယ့်အချစ် မျှော်နေတော့မယ်

"Hello မောင် ကိုယ်ပြန်လာပြီ ဘာမှမစားရသေးတာမို့ မောင့်လက်ရာထမင်းသုတ်လေး စားချင်လို့ လုပ်ပေးထားပါလား "

"Ok ပါ ပြင်ပြီးစောင့်နေပါ့မယ် ဂရုစိုက်ပြီး ပြန်ခဲ့ပါ "

"Omm အဲ့ဆို ဒါပဲနော်မောင် "

မင်းတယောက်ကြောင့်(မင်းတယောက်ကြောင့်)Where stories live. Discover now