အပိုင်း - ၁ (Zawgyi + Unicode)

73.8K 4.5K 223
                                    

#For Zawgyi

ခြံရှေ့ကို ကားရပ်လိုက်သည်နှင့် ချမ်း ကားပေါ်မှဆင်းကာ လိုက်ပို့ပေးသော ကားပိုင်ရှင်သူငယ်ချင်းအား လက်ပြကာနှုတ်ဆက်ရင်း

" ဟေ့ရောင် ရတု...နက်ဖြန် ယုယတို့အိမ်မှာ ည ၈ နာရီနော် "

" အေးပါ ချမ်းရာ ၊ ငါမမေ့ပါဘူး ၊ မင်းသာ မင်းအိမ်ကို ရ,အောင် ပြောထား "

ရတုစကားကြောင့် ဝတ်ထားသော အင်္ကျီကော်လံကို ဟန်ပါပါဆွဲထောင်ပြကာ

" ဒီမှာ ငြိမ်းချမ်းရေးဆိုတဲ့ကောင်က မပိုင်ရင် ဘာမှမလုပ်ဘူး....နော် ၊ သိဖို့ "

" အေး...အဲ့ဒါမျိုးကို ကြိုက်တာကွာ ၊ ဒါနဲ့ မင်းကို နက်ဖြန် လာခေါ်ပေးရဦးမလား "

" ရတယ် ရတယ် ၊ ငါ့ဟာငါ လာခဲ့မယ် ၊ မင်းသာနောက်မကျစေနဲ့ "

" စိတ်ချ သားရီး....စိတ်ချ "

ရတုရဲ့ကား ထွက်သွားသည်နှင့် ခြံတံခါးဖွင့်ကာဝင်လာခဲ့ရင်း ချမ်းတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိသည် ။ နက်ဖြန်ကျရင် သူ့အမေရော သူ့အမေရဲ့မောင် (သူ့လေးငယ်) ရော နယ်မှအမျိုးတစ်ယောက်ရဲ့နာရေးကိစ္စနဲ့ နယ်ကို တစ်ညအိပ်သွားကြမှာဖြစ်သည် ။

ဒါဟာ ချမ်းအတွက်ကတော့ လွတ်လပ်ရေးပင် ။ ဒါဟာ လွတ်လပ်ရေးဆိုလို့ တစ်ခြားအချိန်တွေမှာ မလွတ်လပ်ဘူးလားဆိုတော့ မဟုတ်ရေးချမဟုတ်ချေ ။ တကယ်တမ်း ချမ်း လုပ်ချင်ပြီဟေ့ဆိုလျှင် ဘယ်သူကမှ မတားနိုင် ။

ဒါပေမယ့်လည်း မေ့ရဲ့ပွစိပွစိဒဏ်နဲ့ လေးငယ်ရဲ့ သဟောက်သဟဲပြုမှုဒဏ်ကိုတော့ အနည်းအကျဉ်းခံရတတ်သည်မို့ ယခုလို နှစ်ယောက်စလုံး အိမ်တွင်မရှိသည့်အနေအထားမျိုးကို ချမ်းက ပိုပြီးသဘောတကျရှိတာဖြစ်သည် ။

ဒါကြောင့် မနက်ဖြန် ည ၈ နာရီ ဘော်ဒါတစ်ယောက်ရဲ့အိမ်မှာ ပါတီလုပ်ရင်းကဲဖို့ အကုန်စီစဉ်ထားပြီးပြီ ။ အိမ်မှာ လူကြီးတွေမရှိတဲ့အတွက် အိမ်ပြန်နောက်ကျလည်း ဖုန်းလှမ်းဆက်ပြီး နားပူမယ့်သူမရှိ ။ မဟုတ်ရင် ချမ်းအိမ်ပြန်နောက်ကျတဲ့အခါတိုင်း မေက ဖုန်းလှမ်းဆက်ကာ တဆူဆူတပူပူ လုပ်တတ်သည် ။ အဲ့လိုမဟုတ်လို့ ချမ်းသွားတဲ့နေရာကို သူတို့ပါ သိနေကြည့် ။ လေးငယ်က အတင်းလိုက်လာပြီး စောင့်ခေါ်တော့တာပင် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now