28x(Zawgyi&Unicode)

Depuis le début
                                    

သို့ပေမယ့်လည်း တမျိုးခံစားရတာမို့ အဲ့ပုံလေးကို screenshotရိုက်ထားလိုက်တာ အမှတ်တမဲ့သိမ်းထားမိသည်သာ

"သစ် ငြိမ်လှချည်လား??"

သစ်ရှိနေတဲ့ ၀ရံတာကို ဦးမြတ်ပါရောက်လာကာ
ခါးလေးကိုဖက်ရင်း မေးသည်

"စိတ်ဆိုးသွားတာလား??"

"စိတ်မဆိုးပါဘူး ဪ ဦးမြတ် သစ်မေးမလို့ "

"အင်း မေးလေ"

"ဟိုတနေ့ကလေ သစ်တို့ကားတိုက်မိတဲ့တစ်ယောက်လေ"

"အင်း ဘာဖြစ်လို့လဲ??"

"သူ့ကိုလေ Facebookမှာတွေ့လို့ ၀င်ကြည့်လိုက်တာ ဒီပုံလေးကလေ သစ်စိတ်ထဲတမျိုးဖြစ်နေလို့"

စောစောက screenshotရိုက်ထားတာလေးကိုပြပြီးပြောလိုက်တော့ သတိုးက အေးဆေးပင်

"တွေ့ဖူးတယ်လို့ခံစားရတာလား???"

"အင်း အထူးသဖြင့် ညာဘက်ထောင့်ကကောင်လေးကိုလေ သစ်အရမ်းစိတ်၀င်စားနေတယ်"

"ဟုတ်လား သေချာပြပါဦး"

သစ် ပြတဲ့ကောင်လေးကို သတိုးသေချာကြည့်ရင်းနဲ့ ဖြတ်ခနဲသတိရလိုက်မိတာက

သစ်ရဲ့အကို Doctorဆီသွားတုန်းက Doctorရဲ့စားပွဲပေါ်မှာတင်ထားတဲ့ Group Photoလေး တခု

အဲ့ပုံထဲမှာလည်း ဒီကောင်လေးပါနေသလားလို့???

ဒီကောင်လေးသာ တကယ်ပါနေတယ်ဆိုရင် ဆက်စပ်ပြီးတွေးရင်ကို အဖြေကတော်တော်ထွက်နေပြီ

"သစ်ကလည်းကွာ တွေ့ဖူးတယ်ထင်တာနဲ့များ အဲ့ပုံကို သိမ်းထားနေသေးတယ် ဖျက်လိုက်ပါကွာ နော်"

"ဘာလို့လဲ ဦးမြတ်ရဲ့ သစ်က သေချာကြည့်ပြီး ပြန်တွေးကြည့်မလို့ကို"

"ရှုပ်ရှုပ်ရှပ်ရှပ်တွေသစ်ရယ် လမ်းမှာ အမှတ်တမဲ့တွေ့ဖူးတာနေမှာပေါ့ "

"ဦးမြတ်‌ကလည်းဗျာ အဘိုးကြီးဖြစ်လာပြီလား??? ပွစိပွစိနဲ့"

"အဘိုးကြီးဖြစ်မဖြစ်ပြရမလားပြော??"

"ဟီးဟီး ပြချင်ပြပေါ့"

"ဒီကလေးလေးကတော့ကွာ"

Oh !Où les histoires vivent. Découvrez maintenant