"အင်းပါ ငါလိုက်ပို့မယ်"
.
.
.
At Park

"Jen"

"Mino...ပန်းခြံကလဲ လူရှင်းနေတာဘဲ"

"ရှင်းမှာပေါ့ ဒီပန်းခြံတခုလုံး ငါငှားထားတာ"

"ဘယ်လို??"

"ဟုတ်တယ် Jen...ငါနင့်ကို အရေးကြီး ပြောစရာရှိလို့"

ပြောပြီး Jen လက်ကို လှမ်းကိုင်လိုက်သည်
Jenလဲ ရုတ်တရတ်ဆိုတော့ ကြောင်တောင်တောင် ဖြစ်ပြီး မရုံးမိ

"Jen...ငါနင့်ကိုချစ်တယ် ဒီစကားပြောဖို့ ငါစဉ်းစားခဲ့ရတာ အကြိမ်ကြိမ်ဘဲ နင်စိတ်ဆိုးမှာလဲ ကြောက်တယ် ... ဒါပေမယ့် ငါနင့်ကို ချစ်တဲ့စိတ်ကို ထိန်းမထားနိုင်တော့လို့ပါ"

"နင်ရူးနေပြီလား Mino... ငါတို့က သူငယ်ချင်းတွေလေ နင့်ကိုလဲ ငါ့ငယ်သူငယ်ချင်း တယောက်လိုဘဲ ခင်တယ် ဒီ့ထက်မပိုနိုင်ဘူး"

"ချက်ချင်းကြီး အဖြေပေးစရာ မလိုပါဘူး နင်စဉ်းစားလို့ရပါတယ်...ငါ့ကိုစဉ်းစားပေးပါဟာ"

"မဖြစ်နိုင်ဘူးထင်တယ်mino"

"နင်မှာချစ်သူရှိနေလို့လား"

Jen pov "ချစ်သူ??မရှိဘူး...ငါချစ်ရမယ့်လူတော့ ရှိတယ်ထင်တယ်...ငါသူ့ကိုချစ်မိနေပြီလား ငါ့ကိုယ်ငါတောင် မသေချာသေးပေမယ့် ဒီချိန်မှာ သူ့ကိုဘဲ စိတ်ထဲရှိနေတယ်"

"အဲ့လိုတော့ မဟုတ်ပေမယ့် ငါချစ်ရတဲ့ သူတော့ ရှိတယ်"

"အဲ့ကောင်ကဘယ်ကကောင်လဲ??"

"အဲ့ကောင်မဟုတ်ဘူး အဲ့ကောင်မလေး..."

"ဘာ...နင်ဘာပြောလိုက်တယ်..ကောင်မလေး ဟုတ်လား??"

"ဟုတ်တယ် ငါချစ်ရတဲ့သူက မိန်းကလေး..."

"Jen ရယ်...နင်ရူးနေလား...မိန်းကလေးချင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"နင်ကမှရူးနေတာmino...မိန်းကလေးချင်း မချစ်ရဘူးလို့ ဥပဒေရှိလို့လား ဒီခေတ်မှာ ဒါတွေက မဆန်းတော့ပါဘူး...နင်အတွေးမခေါင်နဲ့"

"ထားပါတော့ နင်သူနဲ့ဆိုပျော်တယ်မလား"

"မပျော်ရပါဘူးဟာ...သူကငါ့ကိုချစ် မချစ်တောင် မသေချာပါဘူး ငါကသာချစ်နေရတာ"

💌Tchal💌Where stories live. Discover now