"lisa ထတော့လေ အောက်ထပ်မှာ liliတီချယ် ရောက်နေပြီ စာသင်ရမယ်လေ"
"ဟာ...ဘာလဲ သူကလာနေသေးတာလား"
"လာရမှာပေါ့ သူ့တာဝန်က liliလေးကို စာသင်ဖို့ဘဲလေ"
"စိတ်ပျက်လိုက်တာ
ထားလိုက်ပါတော့ ရေချိုးပြီးဆင်းခဲ့မယ် ခဏစောင့်ခိုင်းလိုက်"
"မြန်မြန်ချိုးနော် အောက်မှာ စောင့်နေရတာ အားနာစရာကြီး omma ကအပြင်သွားစရာရှိလို့ သွားရအုံးမယ် မြန်"ဆင်းလာတော့နော်"
"အင်းပါ"
Li pov "အားမနာနိုင်ပါဘူး မကြာကြာအောင် ချိုးအုန်းမှာ စာသိပ်သင်ချင်နေရင် မပြီးမချင်း ထိုင်စောင့်နေလိုက်"
lisaရေချိုးခန်းထဲမှာ ရေမချိုးဘဲ အကြာကြီး ဟိုလုပ် ဒီလုပ် လုပ်နေတာ ၂နာရီလောက် ကြာပြီးမှ ရေစချိုးသည်
ရေချိုးပြီးတော့လဲ မပြီးသေးဘူး အဝတ်အစားလဲတာက နာရီဝက် အားလုံးပြင်ဆင်ပြီးမှ အောက်ထပ်မှာ စောင့်နေတဲ့ သူနဲ့ မတည့်တဲ့ အမျိုးသမီးဆီရောက်လာခဲ့သည်
"liliရောက်ပြီ"
"Aw ရောက်ပြီလား ထိုင် စာစသင်တာပေါ့"
Li pov "ဘာလဲဟ ဒေါသအိုးက ဒီလောက် အကြာကြီး စောင့်ရတာတောင် စိတ်မဆိုးဘူးလား"
"ဒီမှာ ဒီမှာ ပြောစရာရှိလို့"
"အင်း မြန်မြန်တော့ ပြောနော် စာလုပ်စရာတွေ အများကြီးရှိသေးတယ် ဒီနေ့အပြီးရှင်းချင်လို့"
"စိတ်မဆိုးဘူးလား"
"ဘာကိုလဲ??"
"liliကိုမဆူဘူးလားလို့"
"ငါကမင်းကို ဘာလို့ဆူရမှာလဲ"
"၃နာရီနီးပါးလောက် ဒီတိုင်း ငုတ်တုတ် ထိုင်စောင့် ခိုင်းထားမိလို့လေ"
"ဒါမင်းကိစ္စပါ ဒို့ကိစ္စမဟုတ်ဘူး ဒို့အခုလာတာက မင်းကို စာသင်ဖို့ အဲ့တော့ စာနဲ့မပတ်သတ်တဲ့ ကိစ္စဆို ဒို့ဝင်မပြောဘူး"
"ဒါပေမယ့် ခင်ဗျား စာသင်ချိန်တွေလျော့..."
"တနေ့လုံးဘဲ"
