lisa နဲ့ chaeဆိုတာ ငယ်ငယ်လေးထဲက အရမ်းချစ်ကြတဲ့ သူငယ်ချင်း တွေပါ ကျောင်းတက်တော့လဲတူတူ အိမ်ချင်းကလဲ ကပ်လျက် နေကြတယ် သူတို့ကို တချို့လူတွေကတောင် အမြွှာတွေလို့ အထင်မှားရလောက်တဲ့အထိပါဘဲ
အဲ့လောက်ချစ်ကြတဲ့ သူငယ်ချင်း ၂ယောက်မှာ မတူတာဆိုလို့ စိတ်လေးဘဲရှိတယ်
Chaeကသိမ်သိမ်မွေ့မွေ့ရှိသလောက် lisaကတော့ ယောင်္ကျားဆန်တယ် အမြဲတဇွတ်ထိုးလုပ်တတ်တယ်
အခုလဲlisaကအိမ်ကလာကြိုတဲ့ကားနဲ့ မလိုက်ချင်ဘူးပြောပြီး chaeလက်တဖက်ကိုကိုင်ကာ လမ်းလျှောက် ပြီး အိမ်ပြန်နေသည်
"lisa ရယ် ကျောင်းနဲ့အိမ်နဲ့က ဒီလောက်ဝေးတာကို ဘာလို့ လမ်းလျှောက်ချင်နေရတာလဲ နင်ကလေ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ မစဉ်းစားဘူး"
"နင်ကလဲဟာ... ငါကအကြောင်းရှိလို့ လမ်းလျှောက်တာပါ အရင်ကကားနဲ့ဆိုတော့ အဲ့လောက်မဝေးဘူးထင်လို့"
"နင့်အကြောင်းက ဘယ်လောက် အရေးကြီးနေလို့လဲ"
"တဘဝလုံး အတွက်ပေါ့"
"ဟား ဟား... lalisa နင်လိုလူက ဘဝနဲ့ချီပြီး ပြောနေရအောင် ဘာမို့လို့လဲ ငါတောင်စိတ်ဝင်စားလာပြီ"
"အေး ဟုတ်တယ်... နင်စိတ်ဝင်စားရမယ် ငါအခုပြောမှာ ရည်းစားစကားလေ"
"ဘာ!!!ရည်းစားစကား??ဟုတ်လား??"
"ဟုတ်တယ် Chae... ငါနင့်ကိုချစ်တယ် ထင်တယ်"
"နင့်ဟာကလဲ မတိမကျနဲ့ ချစ်တယ် ထင်တယ် ဆိုတော့ ငါက ကူစဉ်းစားပေးရအုံးမှာလား နင်ချစ်မချစ်ကို"
"နင်စဉ်းစားပေးချင်လို့လား"
"lalisa စုတ်...ရွဲ့ပြောလို့ ပြောမှန်းမသိဘူး"
"Chae...ငါအတည်ပြောမယ်... ငါနင့်ကိုချစ်တယ် အဲ့တာငါ့ကို စဉ်းစားပေးပါ"
"Romanticလဲ မဖြစ်ဘူး"
"ဘာ!!!ဘာပြောလိုက်တယ်"
"အေးလေ ရည်းစားစကားပြောတာ နည်းနည်းပါးပါးတော့ ro ရမှာပေါ့ အခုနင့်ဟာက ဒုံးတိကြီး"
"ဘယ်လိုပြောပြော ပြောရဖို့ဘဲလေ... ငါ့ဘက်က ပြောပြီးပြီဆိုတော့ နင့်ဘက်က စဉ်းစားပြီး အဖြေပေးဖို့ဘဲ ကျန်တော့တယ်နော် ဟုတ်တယ်မလား"
