သက်တံမှသည် (Unicode)

Start from the beginning
                                    


ရပ်ကွက်လူကြီး ပိုဖိအော်နေတဲ့ကောင်လေးကိို ကျွန်တော်လှမ်းကြည့်လိုက်မိသည်။ အနည်းငယ် ခပ်ပိန်ပိန်နှင့် ကောင်လေး။ ရပ်ကွက်လူကြီးကလန်ကဆန်ပြန်မပြောရုံဘဲရှိသည်။ ရုပ်ကမူန်ကုတ်နေရော။ ဒီကြားထဲ နူတ်ခမ်းကရှေ့ကို တတောင်လောက် ထော်နေသေးသည်။ ဒီကလေး အလွန်ဆုံးရှိလှ ၁၂နှစ် ၁၃နှစ်ပေါ့။


"ပြန်တော့။ပြန်တော့။ မင်းတို့ပြန်ကြတော့..။"


ရပ်ကွက်လူကြီးက နှင်လွှတ်လိုက်တော့ အများစုက ကုတ်ကုတ် ကုတ်ကုတ်နှင့် ထွက်သွားသလောက် အဲ့ကောင်လေးကတော့ ထောင့်မကျိုး။ ဒီကလေး ဒီအရွယ်မှာကတည်းက ဒီလောက်ထိ အပိုးမကျိုးရင် ကြီးလာရင် ပိုဆိုးမယ်။


"ကလေးတွေဆိုတော့ အဲ့လိုဘဲ။ စိတ်မရှိပါနဲ့ကွာ..။"


ရပ်ကွက်လူကြီးကတော့ သဘောကောင်းတဲ့ပုံပါ။တော်တော်လည်း လူမူဆက်ဆံရေးပြေပြစ်တဲ့ဟန်ပါဘဲ..။ကလေးတွေအပေါ်လည်း သံယောဇဉ်ကြီးရှာသည်။ ခုနက အကြီးအကျယ် အော်ဟစ်နေပေမယ့်လို့ အခုတော့ကလေးတွေဘက်က ကာပြီး ပြန်ပြောပေးနေသည်။


"ရပါတယ်။ ကျွန်တော်လည်း အိမ်မှာက အမေကကျန်းမာရေးမကောင်းလို့ လာပြောရတာ..။"


ထိုနေ့က ရပ်ကွက်လူကြီးနှင့်စကားနည်းနည်းပါးပါး ဆက်ပြောပြီး ကျွန်တော်လည်း အိမ်ပြန်လာခဲ့လိုက်သည်။ အဲ့နေ့က ပြသနာသည် အဲ့နေ့မှာတင် အဆုံးမသတ်။ ထောင့်မကျိုးတဲ့ကောင်လေးက ကျွန်တော့်ကို လမ်းမှာ တွေ့တိုင်း ကြည့်တဲ့အကြည့်က မိုက်တိမိုက်ကန်း။ သူ့စိတ်ထဲမှာတော့ တွေးမှာပေါ့။ ဒီအစ်ကိုကြီးက အရမ်းကို စန်းစန်းတင့်တယ်ဆိုပြီး..။တလမ်းတည်းနေတာဖြစ်လို့လည်း အဲ့ကလေးကိုလည်း ရံဖန်ရံခါတွေ့နေရတာဘဲ။ ရှောင်လွှဲလို့ကမရ။ ဒါပေမယ့် ကျွန်တော်ကလည်း သူ့ဘာသာသူ ဘုကြည့်ကြည့်ရုံမကလို့ ဘာလုပ်လုပ် သူ့ကို စိတ်ထဲကို မထည့်ပါ။


၂၀၁ဝခုနှစ်


"ဘာဖြစ်လာတာလဲ..။"

သက္တံမွသည္ သက္တံဆီသို႔ (သက်တံမှသည် သက်တံဆီသို့)Where stories live. Discover now