အပိုင်း -- ၁၁

Start from the beginning
                                    

အခုလိုငိုကြွေးနေမိတဲ့မမကိုမြင်ရင်ရော ပြန်မလာဘဲနေမှာလားသိချင်မိသေးတယ် ကလေးရယ် ။

**********************

"သမီးလာထိုင်။ဘာစားမလဲ မေမေဘာလုပ်ပေးရမလဲ "

"ရပါတယ်မေမေ ရှိတာပဲစားတော့မယ် "

ထိုင်ခုံတွင်ထိုင်လိုက်သောသူမကို ဖေဖေကသေချာကြည့်ကာ

"သမီး အဆင်ပြေရဲ့လား "

မေမေထည့်ပေးသောထမင်းကြော်အား တစ်ဇွန်းခပ်စားလိုက်ပြီး

"အဆင်ပြေပါတယ် ဖေဖေ "

"စာမေးပွဲကအရေးကြီးတယ်နော် သမီး"

"သမီးသိပါတယ်ဖေဖေ သမီးသွားတော့မယ် "

"စားဦးလေသမီးရဲ့။ ကျောင်းကအစောကြီးရှိပါသေးတယ်"

"မစားချင်တော့ဘူးမေမေ သွားတော့မယ်"

"ဖေဖေလိုက်ပို့မယ်သမီး "

"ဟင့်အင်း စက်ဘီးနဲ့ပဲသွားမယ် "

"ရလို့လား "

"ရပါတယ်။ အဲ့ဒါဆိုသမီးသွားတော့မယ်နော် ဖေဖေနဲ့မေမေ "

လွယ်အိတ်ယူကာ သူမထွက်လာခဲ့လိုက်သည် ။
အရင်လို သူမလွယ်အိတ်ကလေးလွယ်ကာ ရှေ့ကနေစက်ဘီးနင်းမည့်သူလေးမှ မရှိတော့ပေပဲ ။
ရင်ထဲမှာဟာနေပေမယ့် ကျောင်းရောက်အောင်သာလာခဲ့မိသည် ။

*********************

"စကားခဏလောက်ပြောလို့ရမလား မမမြတ်ယွန်းလင်းငယ် "

သူမနှင့်ဦး ထမင်းစားနေကျထင်းရှူးပင်အောက်သို့ ကောင်းနှင့်အတူထိုင်နေစဉ် ရောက်လာသောဦးသူငယ်ချင်းနှစ်ယောက်ကြောင့် မြတ်ယွန်းစိတ်ညစ်သွားမိသည် ။

"ရော့....... "

ဘူးလေးတစ်ဘူးလှမ်းပေးလာသော ထက်လွန်းသူအား မြတ်ယွန်းနားမလည်သလိုကြည့်နေမိသည်။

"ကြောင်ကြည့်မနေပါနဲ့မမမြတ်ယွန်းလင်းငယ်။ဖွင့်ကြည့်လိုက်ပါ "

လေးထောင့်ဗူးလေးအား ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က အနက်ရောင် G-shock နာရီလေးနှစ်လုံးနှင့် စာရွက်ခေါက်လေးတစ်ခု။စာရွက်ခေါက်လေးအားထုတ်ယူ၍ ဘူးလေးကိုမြေပြင်ပေါ်ချထားလိုက်သည် ။
စာရွက်ဖြူဖြူလေးပေါ်အလှဆင်ထားတာက ဦးရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေ ။

နှလုံးသားမှာ  ဆူးWhere stories live. Discover now