"အေး...နင်ကရော ငါ့ကို အပြင်ထွက်ဖို့ မချိန်းဖူးဘူးလား ပြီးတော့ bd wishကို အိမ်ထိ လာလုပ်ရုံမကဘူး ငါ့အိမ်မှာပါ နင်အိပ်"နေတာဘဲလေ"
"နင်ပြောတော့လဲ ဟုတ်သလိုဘဲ"
"ဟုတ်သလိုဘဲ မဟုတ်ဘူး သေချာမေးကြည့်လိုက်
အဲ့ဒါအကောင်းဆုံးဘဲ"
"Chae အဲ့ဒါဆို ငါ့ကို တခုကူညီပါလား"
"လာပြန်ပြီ ဘာကူညီရမှာလဲ"
"မနက်ဖြန် ငါသူတို့ကို လိုက်ချောင်းချင်တယ် နင်လိုက်ခဲ့ပေး"
"လိုက်ပေးတာကရပါတယ် သူတို့ဘယ်သွားမှာလဲ နင်သိလို့လား ဘယ်ချိန်သွားမှာလဲရော သိလား"
"အဲ့ဒါတော့ မသိဘူးဟ"
"အဲ့ဒါမသိဘဲ ဘယ်ကလိုက်မလဲဟဲ့ မနက် ၅နာရီ လောက် Jennie Kim အိမ်ရှေ့ကသွားစောင့်ပြီး သူထွက်တဲ့အချိန်မှ နောက်ကလိုက်ရမလို ဖြစ်နေပြီ"
"အေး ဟုတ်တယ် chae...အဲ့လိုလုပ်ကြမယ်လေ"
"ဟဲ့...ငါကရွဲ့တာဟဲ့"
"မရွဲ့ပါနဲ့ အဲ့လိုဘဲလုပ်ရအောင်နော် လိုက်ခဲ့ပေး
အခုငါသွားလိုက်အုံးမယ် appa ကို မမ အိမ်လိပ်စာ သွားမေးရမယ်"
"အေး ကြွကြွ"
"မနက် ငါလာခေါ်မယ်နော် chae...စောစောထနော်"
"ငါနင့်လို အိပ်ပုတ် မဟုတ်ဘူး"
"အေးပါ တာ့တာ သွားပြီ"
Chae pov "ငါထင်တဲ့အတိုင်းဘဲ lisa ရယ်... ငါနင့်ကိုမချစ်ဘူးဆိုတာ ငါလိမ်တယ်ဆိုတာ နင်သိရင် ကောင်းမှာဘဲ အခုတော့ဟာ ငါကနင့်ကို တခြားလူလက်ထဲ မရောက်ရောက်အောင် ပို့ပေး ရအုံးမှာတဲ့လား နင်ပျော်ဖို့ဘဲဟာ... ငါရင်ကွဲခံပြီး ကူညီပါ့မယ်"
Chaeကတော့ lisa အကြောင်း စဉ်းစားပြီး ငိုနေမိတာ တညလုံး အိပ်မရခဲ့
lisaကတော့ မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အိပ်ပျော်သွားခဲ့သည်
.
.
.
At 5 am
"Hello chae နိုးပြီလား"
"အေး နိုးတာကြာပြီ"
"အမယ် နင်ကငါ့ထက်တောင် ဇွဲကောင်းနေသေးတယ် ဘာလဲ နင်ငါ့မမကို ကြိုက်နေတာလား"
"သေလိုက်ပါလား ငါကနင့်လို မိန်းကလေးချင်း မကြိုက်ဘူး"
"အေးပါ မကြိုက်လဲ ပြီးတာဘဲ
ငါတော့ အခုမှနိုးလို့ ရေချိုးပြင်ဆင်လိုက်အုံးမယ် နင်မနိုးမှာစိုးလို့ ဖုန်းလှမ်းဆက်တာ"
"ငါကအခု အကျီ င်္တောင်လဲနေပြီ နင်သာမြန်မြန်လုပ်"
"အေး အဲ့ဒါဆို ဒါဘဲ ငါရေချိုးတော့မယ်"
"အေးပါ"
Chae pov "အစောကြီးနိုးတာမဟုတ်ဘူး တညလုံး မအိပ်ရသေးတာ lisa အစုတ်ပလုပ်လေးရဲ့"
Chaeလဲlisaနဲ့ဖုန်းပြောပြီးမှ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အောက်ထပ်မှာ မနက်စာ စားနေလိုက်သည်
ခဏနေတော့ lisa ဖုန်းဆက်တာနဲ့ အိမ်ရှေ့မှာ ရပ်ထားတဲ့ lisa ကားဆီသို့ ထွက်လာခဲ့လိုက်သည်
"Chae နင်ဒီနေ့ လှတယ်"
"တော်ပါ..နင့်မမကို မတွေ့ခင်မို့လို့ ငါ့ကို အဲ့လို ပြောတာငါသိတယ်"
"ဟဲဟဲ နင်ကလဲ နင်က မမလောက်မလှပေမယ့် လှတော့လှပါတယ်ဟ"
"စကားမများနဲ့တော့ lalisa... ၆နာရီထိုးတော့မယ် မြန်မြန် သွားတော့ ဟိုက ထွက်သွားရင် စောစောထရကျိုး မနပ်ဘဲ နေအုံးမယ် ဒါနဲ့ အိမ်လိပ်စာ မေးလာတယ်မလား"
"မေးလာပါတယ်ဟ....သိပ်တော့မဝေးပေမယ့် မိနစ်၂၀လောက်တော့ မောင်းရမယ် မှီတယ်မလား chae "
"မှီမှာပေါ့ အခုသွားတော့ နင်စကားများတာနဲ့ လွတ်တော့မှာ"
"အေးပါ အခုသွားမယ် ကားပေါ်တက်"
Chaeလဲကားပေါ်တက်ပြီးတာနဲ့ lisa ရဲ့ကားလေးလဲ မောင်းလာလိုက်တာ ခဏကြာတော့ jen အိမ်ရဲ့ မလှမ်းမကမ်း တနေရာမှာ ရပ်ပြီး jen ထွက်လာမှာကို စောင့်နေလိုက်သည်
NextEpisode ...
ComingSoon🙆♂️❤
Part 7
Start from the beginning
