"အတော်ဘဲ ဒို့လဲ သွားစရာရှိတာနဲ့ ကျေးဇူးဘဲ lili"

"ဒီတပုဒ်ပြီးရင် ဒီနေ့အတွက်ပြီးပြီမလား"

"အင်း ပြီးပြီလေ"

"ရော့...ဒီမှာပြီးပြီ lili သွားတော့မယ်"

"ခဏနေအုံးလေ"

"အေးဆေးနေပါ ဖုန်းပြောချင်လဲ အေးဆေးပြော ပြီးမှပြန်လဲရတယ် lili ဒီညဒီအခန်းကို ပြန်မလာဘူး ကြိုက်တဲ့အချိန်ထိနေလို့ရတယ်"

"ပြန်မလာရအောင် မင်းက ဘယ်သွားမလို့လဲ"

"ဒါ lili ရဲ့ personal caseပါ တီချယ် သွားလိုက်ပါအုံးမယ်"

lisaလဲပြောပြီး ချက်ချင်း chae အိမ်ဘက်ကို ထွက်လာခဲ့လိုက်သည်
သူ့မှာတိုင်ပင်စရာဆိုလို့ ဒီသူငယ်ချင်း တယောက်ဘဲရှိတာ မလား

Jen pov "ဘာဖြစ်ရပြန်တာလဲ မသိဘူး စိတ်ကလဲ မနက်တမျိုး ညနေတမျိုးနဲ့"
.
.
.
"Chae"

"lisa ဘာဖြစ်လာတာလဲ ငါ့ကိုပြောလေ ငါနားထောင်ပေးမယ် အဲ့လိုကြီး ငိုမနေနဲ့ ငါ့ကိုကြည့်ပါအုံး"

ရောက်ကတည်းက အဆက်မပြတ်ငိုနေတဲ့ lisa ကိုကြည့်ပြီး chae စိတ်မချမ်းသာ

"Chae...ငါလေ.. နင့်ကိုတောင်းပန်ပါတယ်"

"ဘာကိုလဲ??နင်ကဘာလို့ ငါ့ကိုတောင်းပန် ရမှာလဲ"

"ငါလေ.. ငါ  .. မမကိုချစ်တယ်"

"Aw...အဲ့ဒါငါ့ကို ဘာလို့ တောင်းပန်တာလဲ အရူးမရဲ့"

"ငါနင့်ကိုချစ်တယ် ပြောပြီး တခြား တယောက်ကို ချစ်နေလို့လေ"

"အရူးမ...ငါကရော နင့်ကိုချစ်တယ် ထင်လို့လား
ငါ့အတွက် ဘာမှမဖြစ်နဲ့ နင်မမကို ချစ်တယ်ဆို ဖွင့်ပြောပေါ့"

"ဒါပေမယ့် ဒီလိုရှိတယ်ဟ ငါပြောပြမယ်"

lisaလဲminoသူ့အိမ်လာတဲ့ကိစ္စ ခုနက ဖုန်းပြောတဲ့ ကိစ္စတွေ အကုန်ပြောပြလိုက်သည်

"ဟဲ့...ရိုးရိုးသူငယ်ချင်း ဖြစ်မှာပေါ့ နင်ကလဲ ရူးပါ့ minoကသူ့ရဲ့ဘယ်လိုပတ်သတ်လဲ နင်သူ့ကို မေးဖူးလား"

"ဟင့်အင်း ဒါပေမယ့် သူတို့က အပြင်တွေ့ဖို့ဘဲ ချိန်းတယ်လေ ပြီးတော့ bd wishကို အိမ်ထိ လာလုပ်တာလေ"

💌Tchal💌Where stories live. Discover now