"ဟုတ်ကဲ့ သားလဲ အချိန်မဆွဲပဲ ဖြေရှင်းပေးပါမယ်
အန်ကယ်တို့ စိတ်ချပါ "

"အဲတာဆို ဦးတို့ကို ပြန်လိုက်အုံးမယ် "

""ဟုတ်ကဲ့ "

ကုန်သည်တွေလဲ အလျှို လျှိုနဲ့ ပြန်သွားတော့ မိုးမခ ဖေဖေနဲ့ ပတ်သတ်တဲ့ ကိစ္စ တွေပြိပြိလို့ မထင်လိုက်ပါနဲ့

" ဒီက မင်းသွေးပိုင် ကုမ္ပဏီ က သူဋ္ဌေးကို ကျွန်တော်တခုလောက်ပြောပါရစေ "

မိုးမခ ဘက်ကပဲ စကားစလိုက်တယ်

မင်းသွေးပိုင် ကြွေရုပ်လေးလို့ တိတ်တခိုးပေးတဲ့ နာမ်စာပိုင်ရှင်လေးအကြောင်းတွေးနေတာ ထိုကြွေရုပ်လေး စကားသံကြားမှ

"အင်း ပြောလေ "

မိုးမခ တကယ်ဆို ခုလိုမျိုးဖေဖေနဲ့ ပတ်သတ်တဲ့ ကိစ္စ တွေကို ဘာတခုမှမသိပါ ဖေဖေထိုးခဲ့တဲ့ စာချုပ်ကြောင့်မလိုသာ စကားပြောနေရခြင်းဖြစ်သည်

ဖေဖေတို့ ကုန်သည်လောကဆိုတာ ဘေးကကြည့်နေတဲ့ ခ တောင် ရှုပ်ထွေးတာ

ရှေ့မှာထိုင်နေတဲ့ ဝါရင့် စီးပွားရေး သမားတယောက်နဲ့ စကားပြောနေရတာထက် အမှားမလုပ်မိအောင်သာ ထိန်းပြိပြောနေရခြင်းဖြစ်သည်

"ဖေဖေ ရေးခဲ့တဲ့ သေတမ်းစာမှာသာ ရေးထားလို့ ကျွန်တော်လက်ခံရတာပါ တကယ်ဆို ဒီအိမ်လေးကို ကျွန်တော်မရောင်းခြင်းပါဘူး ဘာလိုလဲဆိုတော့ ဖေဖေနဲ့ မေမေနဲ့ ခေါင်ချသွားတဲ့ အိမ်လေးမလိုပါ "

ခ ကျန်တာစွန့်လွှတ်နိုင်ပေမယ် ဒီအိမ်လေးကို အရဲစွန့်ပြီ အပါမခံအောင် ပြောလိုက်သည်

မင်းထက် သူဋ္ဌေးကို လှည့်ကြည့်တော့ အသာခေါင်းငြိမ့်ပြတယ်

"ဒီက ကလေးနာမည်က မိုးမခနော်"

မိုးမခ အံသြမိတယ် မိုးမခမေးနေတာ အလုပ်ကိစ္စအကြောင်းကို မိုးမခနာမည်ကို သေချာအောင် ထပ်မေးတဲ့သူတယောက်က တကယ် ဝိသမ လောဘတတ် စီးပွားရေးသမားလို့ထင်ထားတာ ခုတော့....

"ဟုတ်ပါတယ် "

"ဘယ်လိုလုပ်မလဲ မိုးမခရဲ့ ဖေဖေက မိုးမခ မသိအောင် ထပ်တင်နေတဲ့ အကြွေေးတွလဲ ရှိသေးတယ် ဒီအိမ်မပါဘူးဆို တဖတ်က ကုန်သည်တွေကို လျှော်ရမယ် ပမာဏက မလောက်ဘူးထင်တယ်နော် "

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now