Part -20

7.4K 696 27
                                    

ရှောင်းကျန့် နက် ဝမ်ရိပေါ် Wangအိမ်တော်သို့် ချီတက်သွားကြသည်။  အိမ်တော်ရှေ့မှာ တွန့်ဆုတ် တွန့်ဆုတ် နှင့်မဝင်ရဲ ဖြစ်နေသူက ရှောင်းကျန့်

"ဝမ်ဝမ် ကိုကိုမလိုက်ရဲဘူး။ " မျက်နှာငယ်လေးနှင့်ပြောလာသော ရှောင်းကျန့်ရဲ့ပုခုံးကို လက်ဖြင့် ဖွဖွ ပုတ်ကာ

"ကိုကို မကြောက်ပါနက် သားရှိတယ် လာ သွားကြရအောင် "

ခုနတုန်းကကျ ကိုကိုသား ပါးပါးတို့ကိုကြောက်တယ်လေးဘာလေးနက်ခုကျ သူမဟုတ်သလိုပဲ အံ့ပါ့ ရိပေါ်ရယ်🙂

အိမ်တော်ထဲမှာထိုင်ပီး TVကြည့်နေတဲ့ ဝမ်ပါးပါးက အိမ်ထဲကို ဝင်လာသော သားတော်မောင်နက် အနာဂတ်သားတော်မောင်လင် တို့ ဝင်လာတော့ မျက်နှာကို တင်းကာ ထိုင်ပီး ဇနီး ဖြစ်သူကိုလှမ်းခေါ်လိုက်သည်။

"ရှင်မ ရေ "

'လာပီ လာပီ အာ့လောက်တောင်ခေါ်....ခေါ် "

ဝမ်မားမား မီးဖိုပေါ်ကထွက်လာပီးစကားတောင်မဆုံးသေးခင် မတ်တပ်လေးရပ်နေသော သားတော်မောင်တို့ကြောင့်

"အယ် ထိုင်ချလေ ကွယ် မတ်တပ်ကြီးရပ်မနေကြနက် "

အမယ်လေး အနာဂတ် မေမေ ကယ်ပေလို့ပေါ့ မဟုတ်ရင် ဒီနားတင် သူသေးထွက်ကြတော့မယ် အားးး

"လာရင်း ကိစ္စကိုပြော "

"ပါးပါး မအော်ပါနက် "

အမယ်လေးလေး လင်ရှေ့မှာ ငါ့ကို ရိုသေတန်အောင်လုပ်နေတာလား မွေးရကျိုးနပ်တဲ့သားရဲ့

"အဟမ်း မောင်ရင် ဘာပြောစရာရှိလို့လဲ "

"ကျွန် ကျွန်တော့ကို ဝမ်ဝမ်နက် လက် လက်ထပ်ခွင့်.. ပေးပါ " ဆိုကာ ဒူးထောက်ထိုင်ချကာ ခေါင်းကိုငုတ်ထားလိုက်သည်။

"ပါးပါး သိပ်မပြောပါနက် ဒီမှာကိုကိုကြောက်နေပီလေ မတရားမလုပ်ပါနက် "

အမယ်လေး။ ဝမ်ရိပေါ်ရေ ငါ ဘာဆိုဘာမှ မပြောရသေးဘူးလေဟယ် ဖအေ ကို မရိုသေရင်တောင် ရိုသေချင်ယောင်လေးဆောင်ပေးပါဟ ခွေးသား အဲ မသာလေးရဲ့

"ပါးပါး သဘောမတူလို့လဲ မရဘူးနော် ပါးပါးသဘောမတူရင် သားလင်နောက်လိုက်သွားမှာ "

❤️ကိုကို့ပိစိလေး❤️ ( Zawgi +Unicode )(complete) Where stories live. Discover now