Part -13

9.5K 796 77
                                    

ဟူးဒီနေ့‌တော့ ပေါ်ပေါ်လေး စိတ်လျှော့ပီးကိုကို့ ကို သွားပြန်ခေါ်လိုက်ပါမယ်လေ တော်ကြာသူကောက်ကိုယ်ကောက်နက် ‌ပြန်‌ဖြောင့်မရပဲ ကွေးကွေးကြီးဖြစ်နေမှ ဖြင့် မဖြစ်သေးပါဘူး ပိုချစ်တဲ့သူက အရှုံးပေးရစမြဲပဲလေ .......ပေါ်ပေါ်လေးဒီနေ့တော့ သွားခေါ်ရမယ် ကိုကို့ အိမ်ကို ဒါမဲ့ သားက စကိတ်မှ မစီးရတာ အိမ်ကိုပြောပီး ခေါ်ပြန်ရင်လဲ ပါးပါးတို့က လိုက်ပို့မှာမဟုတ်ဘူး ....အဲ လူကြီး လူကြီး ရှိတာပဲ အာဟ😃

"လေးလေးမော့ ရေ..လာတော့ သားဒီနေ့ အစောကြီးသွားမှာ "
ဧည့်ခန်းထဲမှာ ရှူးဖိနပ်လေး စီးရင်း အော်နေတဲ့ ဝမ်ရိပေါ်ဆီ ခါးကြီးထောက်ကာ လာကြည့်နေတဲ့ ဝမ်ပါးပါး

"ဘာလို့ အစောကြီးသွားမှာလဲ "

"ပါး...သားကို အာ့လိုလာမကြည့်နက် ကိုကို ဒီနေ့ အချိန်ပိုရှိလို့ အာ့တာ ကျောင်းမှာ ဘသူ့မှမရှိတော့ သားက ကာကွယ်စောင့်ရှောက်ပေးမို့ သွားတာ "

ဒီလိုပဲ ကြံဖန်လိမ်တက်ကတာပေါ့ သွားခေါ်မယ်သာ ပြောကျိ မိုးမလင်းခင် သူများသားသမီးကို အနှောင့်ယှက်ပေးတယ်တို့ဘာတို့ ပြောတော့မှာ ပေါ်ပေါ်လေး အကြောနပ်နေပီ

"အမယ်လေး မင်းကများကာကွယ်စောင့်ရှောက်မယ် "

"ဟုတ်တယ်လေ ဘာလဲ ပါး သားကို မယုံတာလား"

"စောစောစီးစီး တဏှာစိတ်ထနေရင်ထတယ်ပေါ့ အကျိုးက များ ကာကွယ်မလေး ဘာလေးနက် ဒီလောက် ရစရာမရှိအောင်ကျိုးပဲ့နေတာတောင် နှာဗူးထချင်နေသေး ငါလုပ်လိုက်ရ တယ်!!"

"ကဲတော်ပါတော့ရှင် ကလေးကို ဆူမနေနက် သူသွားချင်ရင်သွားပစေပေါ့ သူလဲ ကျိုးနေတာပဲ ဘာမှ ထပ်မွှေလို့ရမှာမဟုတ်ဘူး ကဲ အိမ်တော်ထိန်းမော့ လိုက်ပို့လိုက် "

ဟယ်...မားမားကများဝင်ပြောတော့ သားဘက်
ကများဝင်ကူပြောပေးမလားလ့ို ဘာတဲ့ ကျိုးနေလို့ ထပ်မွှေလို့မရဘူးတဲ့ ဟက် ပြောရက်လိုက်ကျတာ သားကိုများ မမွေးချင်မွေးချင်နက် မွေးထားတာများလား 😕

မကြီးတို့ ထဲက သားအမေ သားကိုမွေးတုန်းက မွေးပေးတဲ့ ဆရာဝန်ထဲမှာ မကြီးတို့များ ပါသေးလား .....ပါရင်ပြောကြပါအုံး 🙂

❤️ကိုကို့ပိစိလေး❤️ ( Zawgi +Unicode )(complete) Where stories live. Discover now