Part (5)

3.3K 125 1
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (5)

" ဒီဒီ နင့်မျက်နှာကြီးကလည်း လငပုတ် ဖမ်းနေသလိုပဲ..မည်းမှောင်နေလိုက်တာ "

" အေးလေ..ဘာဖြစ်နေတာလဲ နင်က "

" မမှောင်လို့ ရမလား..အိမ်ကမှောင်အောင် လုပ်တဲ့အပြင် ကျောင်းရောက်တော့ ဘဲတစ်ကောင်က ညစ်အောင် လုပ်လိုက်သေးတယ် "

" ဘာလုပ်လို့လဲ .."

" ထုံးစံ အတိုင်း..ဟိုကောင်နဲ့ တွဲသွားတွဲလာ မလုပ်နဲ့ ဒီကောင်နဲ့ စကားမပြောနဲ့ ပေါက်ပေါက်ဖောက်လို့...ငါလည်း နားညီးလို့ စိတ်ရှုပ်လည်း မခံချင်တော့တာနဲ့ ဖျက်ခဲ့တယ် ဒါတောင် မသွားခင် ငါ့ကို ဘာပြောသွားသေးလဲ သိလား.."

" ဘယ်သိမလဲ.. "

" အေးလေ..နင်ပြောပြမှ သိမှာကို "

" တစ်နေ့ ကောင်းကောင်း ကြီးကို ဝဋ်လည်လိမ့်မယ်တဲ့...ငါတော့ မမှုဘူး မှုစရာလည်း မလိုဘူး.. "

" နင်ကလည်း နင်ပဲ.. မချစ်ဘဲ ရည်းစားထားတယ် ထားတဲ့ရည်းစား ဘယ်သူနဲ့မှ မမြဲဘူး ပျက်လိုက်တိုင်းလည်း နင် ခံစားမနေဘူး နင်ကတော့ စံပဲ..  "

" နားစမ်းပါ..ခံစားစရာ မှ မလိုတာ အစကတည်းက သေလောက်အောင် ကြိုက်ပါတယ် မှ မဟုတ်တာ သူလိုကိုယ်လို အပျော်ရှာနေကြတဲ့သူတွေ ချည်းပဲ ငါ့ကို  ချစ်တယ် သာ ပါးစပ် က ပြောနေတာ ငါဆိုတာ ဘာမှန်း နားမလည်ကြဘူး..ငါ့စိတ်က ဘယ်လိုပါ ဆိုပြီး အဓိပ္ပာယ် မဖွင့်တတ်ကြဘူး ရည်းစား အဖြစ် သူတို့ကို ဂုဏ်လေးတပ်ပေးတာကို ကျေးဇူးတင်သင့်တယ်.. ငါ့ကို ချစ်တယ် လို့ ခံစားရလောက်တဲ့သူ တစ်ယောက် မှ မရှိဘူး.. အပေါ်ယံ တွေကိုပဲ ငါ ခံစားရတယ် အဲ့လိုလူတွေ အတွက် ငါ့ခံစားချက် ပေးလိုက်ရမှာလား..never ever ပဲ "

" အချစ်အကြောင်း အဓိပ္ပာယ် ဖွဲ့နေတဲ့နင်ရော တစ်စုံတစ်ယောက် ကို ချစ်ဖူးပြီလား..ချစ်ခဲ့ပြီလား.. "

" ငါ မသိဘူး.."

" ဟမ်.. "

" နင့်စကားကြီးက ဘာလဲ.."

" ဟုတ်တယ် ငါမသိဘူး..အချစ်အကြောင်း ဘာမှ မသိဘူး ခံလည်းမခံစားဖူးဘူး လူတကာ က အဓိပ္ပာယ် ဖွဲ့နေတဲ့ အချစ်က ပေးဆပ်တာတွေ ရယူတာတွေ စွန့်လွှတ်ရတာတွေ အာ့တွေ ကြားဖူးတာ တကယ်ရှိရဲ့လားတောင် မသိဘူး..ငါ ခံစားတတ်အောင်လည်း ဘယ်သူမှ မသင်ပြပေးနိုင်သေးဘူး အပေါ်ယံ လို့ပဲ ငါထင်နေတယ်.."

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now