" နင့်အမေကို.. "

" ငါ့အမေကို ငါပြောပြီးပါပြီ..မုန့်ဖိုးလည်း တောင်းထားပြီးပြီ "

" ဒါဆို အိုကေမှာ စိုပြေနေတာပေါ့ "

" အေးပေါ့.. "

" သမီးရေ... "

အိမ်တံခါးဝနားလောက်မှာ မေမေပန်းဖြူ အသံ ကြားလိုက်တာမို့ ဒီဒီ ထိုင်ရာမှ  ထပြီး အသံပေးကာ သွားလိုက်သည်..။

" ရှင်..မေမေပန်းဖြူ "

ဒေါ်ပန်းဖြူ ကို မြင်တာနဲ့ ဒီဒီ အပြေးလေးသွားပြီး ဒေါ်ပန်းဖြူ လက်မောင်းကို ချိတ်တွယ်လိုက်သည်..။

" သမီး D ပါတယ် ဆို.. "

" ဒါပေါ့ မေမေပန်းဖြူ ရ..သမီးက ဘယ်သူလဲ ဒီဒီလေ.. "

" ဟင်းဟင်း..ဟုတ်ပါပြီရှင် သမီးလေး ဘာလိုချင်လဲ .. ပြော မေမေပန်းဖြူ  ဝယ်ပေးမယ် "

" တကယ်နော်.. "

" တကယ်ပေါ့..သမီးလေးကို ဆုချရမယ်လေ "

" အင်း...အခုတော့ မစဉ်းစားရသေးဘူး နောက်မှ သမီးကို ပေးလေ "

" ဟုတ်ပါပြီရှင်..သမီးကိုကိုကလည်း စောနက မေမေတို့ဆီ ဖုန်းဆက်မေးနေသေးတယ် သမီးလေး အောင်လားတဲ့ အောင်လို့ D နှစ်လုံးတောင် ပါတယ် လို့ ပြောလိုက်တော့ သမီးကိုကိုက ဝမ်းတွေသာပြီး သမီးလေးကို သူကလည်း ဆုချမယ်တဲ့ သမီးလေး သမီးကိုကိုဆီက ဘာလိုချင်လဲ စဉ်းစားထားနော်.. "

ဒီဒီ ပြုံးနေရာမှ မဲ့ကျသွားသည်..။

ပျော်နေတဲ့ အပျော်လေးတောင် ဘယ်တောင် ဘယ်ကမ်းဆီ ရောက်သွားမှန်း မသိ...

အဲ့လို ဂြိုလ်ကောင် ပါဆို...။

အဲ့ဒီ ဘုန်းခန့်ရှိန် အကြောင်း ကြားရင်ကို ဒေါသ အလိုလို ထွက်နေတာ ဒီနေ့ ဒီချိန်ထိပဲ..။

သူဖုန်းဆက် စကားပြောတိုင်း ဒီဒီ ပြန်စကား မပြောတာလည်း ဒီနေ့ ဒီချိန်ထိပဲ...။

သူ့အသံ သူ့ပုံ ဘယ်လိုဘယ်ပုံ ရှိမှန်းလည်း ဒီဒီ မသိဘူး..။

ရုတ်တရက် သူ့အကြောင်း တွေးနေမိရာမှ ဒီဒီ ပြန်အတွေးဖျက်ကာ မဲ့နေတဲ့ မျက်နှာလေးကို အမြန်ပြင်လိုက်ရသည်..။

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now