"ဝယ်ထားရင်လဲ ထားလိုက်ပေါ့ ဒို့လာတဲ့နဲ့ ယူမယ်လေ"
"မရဘူး မမရဲ့ ပန်းတေက ရပေမယ့် lili က...
ဘာမှမဟုတ်တော့ပါဘူး မမရယ်"
"ပြောပါ...lili ကဘာဖြစ်လဲ"
"တကယ်ပြောရင် မမက စိတ်မဆိုးရဘူးနော်"
"ဘာမို့လို့လဲ ပြောကြည့်လေ"
"Lili မမကို လွမ်းလို့...မမမျက်နှာလေးကို တရက်မတွေ့ရရင် မနေနိုင်တော့လို့ပါ မမရယ် အဲ့တာကြောင့် ပန်းကို အကြောင်းပြပြီး မမမျက်နှာလေးကို လာကြည့်ချင်လို့"
"တော်ပြီ ချာတိတ်...ဖုန်းချလိုက်တော့မယ် ဒါဘဲ"
"မမ~~
ဘာသံမှလဲ မကြားရတော့ဘူး..ဖုန်းချသွားပြီလား
မမရယ်...lili တော့ချစ်မိပြီထင်တယ်"
Jenဖုန်းချသွားပြီ အထင်နဲ့ lisa ပြောလိုက်ပေမယ့် ဖုန်းမချဘဲ ဆက်နားထောင်ပြီး ရင်တွေခုန်နေမိတဲ့ ကောင်မလေးကို ဘယ်သူမြင်နိုင်မှာလဲ
.
.
.
Jen pov "ဒီရင်ဘတ်ထဲက ဟာလေးရယ် ငြိမ်ငြိမ် နေပါတော့ ဟိုမှာ နင့်ပိုင်ရှင်က အိပ်နေလောက်ပြီ နင်ကခုထိ မနက်က စကားကို စဉ်းစားပြီး ခုန်နေတုန်းလား အိပ်ပါတော့ မနက်ကျရင် သူနဲ့တွေ့ရအုံးမယ်လေ"
ရင်ခုန်တိုင်းသာအချစ်ဆိုရင်တော့ Jen လဲ lisa ကိုချစ်မိနေပါပြီ
ဘယ်အချိန်ကစချစ်မိမှန်းမသိပေမယ့် နှလုံးသားကတော့ သူ့အတွက်ဆို အမြဲ အဆင်သင့် ရှိနေခဲ့ပြီလေ
.
.
.
.
"lili ထတော့လေ"
"အာ...omma ခဏပြန်အိပ်မယ် အစောကြီးရှိသေးတယ်လေ lili ညက အိပ်မပျော်လို့ပါ"
"စာမသင်တော့ဘူးလား အဲ့တာဆိုလဲ မမပြန်တော့မယ်"
Li pov "မမ??ငါ့ကိုအခုနှိုးနေတာ မမလား??"
lisa မျက်လုံး ဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့ ချစ်ရသူရဲ့ မျက်နှာသေးသေးလေး
"မမ!!!!"
ပြောပြီး ဖက်ထားလိုက်တာ Jen အသက်ရှူကျပ်လောက်တဲ့ထိ
"Lili....ဖယ်အုံး မမ အသက်ရှူကျပ်လာပြီ ဘာလို့ ဖက်တာလဲ"
"လွမ်းလို့ မမကို လွမ်းနေရလို့ ညကလဲ လွမ်းနေတာ အိပ်လို့တောင် မပျော်ဘူး မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ"
"ဟုတ်ပြီ အခုအိပ်ယာထ မျက်နှာသစ် စာသင်ရအောင်"
"ဟုတ်ကဲ့"
lisaရေချိုးခန်းထဲဝင်သွားမှ jen လဲသက်ပြင်း တချက်ချလိုက်ပြီး
"တော်တော် မလွယ်တဲ့ ကလေးဘဲ
ငါတော့ ဒီကလေးနဲ့ ဒီ့ထက်အနေနီးလို့ မဖြစ်ဘူး
အခုတောင် ရင်တေ ဒီလောက်ခုန်နေတာ
တော်သေးတယ် သူမကြားသွားလို့ပေါ့"
"မမ...ဘာတေ တိုးတိုး ပြောနေတာလဲ"
"ဘာ ဘာမှ မဟုတ်ပါဘူးliliရဲ့...ရေချိုးပြီးပြီလား"
"မချိုးရသေးဘူး lili သဘက်ကျန်ခဲ့လို့
ဒီမှာ အကျီ င်္တွေကလဲ ချွတ်ပြီးနေပြီ မို့လို့ အဲ့ဒါ lili ကိုသဘက်လေး ယူပေးပါလားလို့ ဟီး"
"ကိုယ့်ဘာကိုယ် ယူပါလား"
"lili တယောက်ထဲဆို ထွက်ယူတယ် အခုမမရှိနေလို့...ဘာလဲ ဒီပုံတိုင်းတကယ် ထွက်လာရမလား"
"ရတယ် ရတယ်...မ မထွက်လာနဲ့...ယူပေးမယ်...ဘယ်မှာလဲ သဘက်က"
"ဘီဒိုထဲမှာပေါ့"
"အင်း ယူပေးမယ်"
Jenလဲlisaကို သဘက်ယူပေးလိုက်ပြီး lisa ဘီဒိုထဲက တွေ့တဲ့ စာအုပ်လေးကို ယူဖတ်လိုက်သည်
ပထမဆုံးစာမျက်နှာကနေစပြီး အခုနောက်ဆုံး စာမျက်နှာထိ သူနဲ့chae ငယ်ငယ်က အကြောင်း တွေ အပြည့်
နောက်ဆုံးစာမျက်နှာမှာက စာတချို့ကို မြင်ပြီး Jen ရင်ထဲမှာ အောင့်သက်သက်တော့ ဖြစ်သွားသည်
"ငါဒီနေ့ chae ကို ချစ်တယ်လို့ ပြောဖြစ်ခဲ့တယ် Chae ကပြောတယ်...ငါဆရာဝန်ဖြစ်မှ သူ့ဆီကအဖြေကို ပေးမယ်တဲ့... ငါစာကြိုးစားရမယ် Chae အတွက် ငါချစ်ရတဲ့ သူ့ဆီက အဖြေရဖို့ဘဲ ငါစာကြိုးစားမယ်"
Jen pov "Chaeကိုတော်တော်ချစ်တာဘဲ...
သူ့အတွက် ကြိုးစားနေတာတဲ့လား... ငါ့ကိုလဲ ခဏစိတ်ကစားယုံဘဲ ထင်တယ်
ချာတိတ်ရယ် ဘယ်လိုလုပ်မလဲ ငါကတော့ မင်းကို ရင်ခုန်မိနေတယ်"
Jenလဲစာအုပ်လေးကို ကိုင်ပြီး မျက်လုံးထဲက မျက်ရည်တွေကိုလဲ မကျမိအောင် ထိန်းနေရတော့သည်
ကံကောင်းတာလား ကံဆိုးတာလားတော့ မသိ jenတွေ့ခဲ့တဲ့ စာအုပ်က lisa အရင်က Diary စာအုပ် အဟောင်း ဖြစ်ပြီး Diary အသစ်က ညကရေးပြီး ဘီဒိုထဲ ပြန်မထည့်ခဲ့မိဘဲ lisa ခေါင်းအုံး အောက်မှာ ရှိနေခဲ့သည်
အဲ့ခေါင်းအုံးအောက်က စာအုပ်လေးကိုတော့ Jen မတွေ့ဖြစ်ခဲ့~~
NextEpisode ...
ComingSoon🙆♂️❤
Part 6
Start from the beginning
