အပိုင်း ၂၇ final

Start from the beginning
                                    

“ကုိကို--ကုိကုိ--”

“ဟင် Kong ငါ ဒီမှာ--”

လက်လှမ်းပြသည့် Arthit က စပို့ရှည်အဖြူလေး..ဘောင်းဘီတိုတိုလေးဖြင့် ဆံစတို့က ထိုးထိုးထောင်ထောင်နှင့် အဝတ်တန်း နားတွင်ရှိနေသည်။မည်သည့်ပကာသနမှ မစွက်သည့် ပကတိဟန်ကို သူ ရူးလောက်အောင် မြတ်နိုးရရင်းက အပြေးအလွှားပင် ခါးကနေ သိမ်းဖက်မိတော့သည်။

“ကိုကို ကျွန်တော့်ကိုလက်မထပ်ချင်ဘူးဆို.. ”

“ခဏဖယ်ပါဦး.”

“ဟုတ်လားကိုကို..ကျွန်တော်ရူးတော့မှာမို့ ဖြေပေးပါ”

Arthit က သက်ပြင်းချလျက် Kongpob အတင်းဖက်ထားတာကိုလည်းမရုန်းနိုင်တာမို့ ငြိမ်ငြိမ်လေးနေသည်။Kongpob ငြိမ်သွားတာကိုခဏစောင့်ပြီးမှ ဖက်ထားတာကို ဖယ်စေလိုက်သည်။

“ဟုတ်တယ် Kong.ငါ မင်းနဲ့လက်ထပ်ပွဲမလုပ်ချင်ဘူး.”

“ကိုကို-ကျွန်တော်-”

“ခဏလေး Kong ငါ ပြောတာနားထောင်ပေးဦး.”

ဒီလိုဆိုပြန်တော့လည်း Kong က ကလေးတစ်ယောက်လိုခေါင်းတဆတ်ဆတ်ညိတ်ပြန်သည်။

“လူတွေကြားထဲမှာ မင်းနဲ့ငါ လက်ထပ်ပွဲပြန်လုပ်စရာမလိုပါဘူး Kong. အမှန်အတိုင်းပြောရရင် ငါ အဲ့လက်ထပ်ပွဲဆိုတာကို ပြန်မလုပ်ချင်ဘူး။”

Kongpob ရင်ထဲနင့်ခနဲဖြစ်သွားရသည်။ Arthit က သူပြောခဲ့ဖူးသလို ခေါင်းမာပြီးစိတ်ထဲ တစ်ခုခုကိုစွဲနေတတ်တာမျိုးလည်း ဖြစ်သည်ဆိုတာကို ပြန်ကြားယောင်၏။ပြီးတော့ ကိုကို့ကို ဒီလိုဖြစ်စေခဲ့တာ သူ---။

“ကိုကို့အတွက် နာကျင်စရာဖြစ်ခဲ့တဲ့လက်ထပ်ပွဲကို ကျွန်တော်က ပြန်ချေဖျက်ပေးချင်တယ် ကိုကို။ ကိုကို့အတွက် ပျော်ဖို့ကောင်းတဲ့မင်္ဂလာပွဲလေးပြန်ဖြစ်စေချင်တယ်.”

“အဲ့ဒါ ငါလက်ခံပါတယ်။ဒါပေမယ့် တခြားသူတွေသိစရာမလိုဘူး။မင်းနဲ့ငါ ငါတို့နှစ်ယောက်ပျော်ရွှင်တဲ့အနာဂတ်ကို အတူတူပဲ သက်သေပြုမယ်။ငါတို့နှစ်ယောက်ထဲ လက်ထပ်ပွဲသေးသေးလေးလုပ်မယ်။တခြားဘယ်အသိသက်သေမှမလိုဘဲ ငါတို့လက်ထပ်ပွဲမှာ ငါတို့ပဲ သက်သေဖြစ်စေမယ်။နော် Kong.။မင်းငါ့ကိုချစ်တယ်ဆိုတာနဲ့ ငါက အားလုံးပြည့်စုံတယ်။ဟုတ်ပြီလား.”

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now