အပိုင်း ၂၇ final

Start from the beginning
                                    

“နားလည်ပေးလို့ကျေးဇူးတင်ပါတယ်ကွယ်။ ခု မယ်မယ် တောင်းဆိုချင်တဲ့တစ်ခုတည်းသောအရာက Arthit လေးကိုပျော်အောင်ထားပေးဖို့ပါပဲ။ သူလေးက Kong ကိုသိပ်ချစ်တာ သိတယ်မလား။ Arthit ဘဝတစ်လျှောက်လုံးကျန်းမာပျော်ရွှင်နေအောင် စောင့်ရှောက်ပေးပါလို့ မယ်မယ်က တောင်းဆိုပါရစေ။ ”

မျက်ရည်တို့ရစ်သိုင်းလျက် စိတ်ရင်းကိုလှစ်ဟပြနေသော မယ်မယ့်ကို Kongpob ငြင်သာစွာပြုံးပြလိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။

“စိတ်ချပါ မယ်မယ်။ကိုကို့ကိုပြန်ရလိုက်တဲ့နေ့ကစပြီး ကျွန်တော့် အနာဂတ် ရှင်သန်နေသမျှက ကိုကို့ စိတ်ချမ်းသာပျော်ရွှင်ဖို့တစ်ခုတည်းကိုပဲ ဦးတည်ပါတယ်။ကျွန်တော့်ကြောင့် အများကြီးနာကျင်ခဲ့ရတဲ့ ကိုကို့ကို သေသေချာချာစောင့်ရှောက်ဂရုစိုက်သွားမှာပါ မယ်မယ်။”

“ကျေးဇူးတင်ပါတယ်။ဒါပေမယ့် Kong.. မယ်မယ်က မင်းတို့ကို လက်ထပ်ပေးပြီး စံအိမ်တော်မှာ နေဖို့ပြောတာကို Arthit ကလက်မခံဘူး။ မင်းကို လက်မထပ်ချင်ဘူး လို့ပြောနေတယ်။”

“ဗျာ!”

“ဟုတ်တယ် အားလုံးအဆင်ပြေနေတဲ့ကိစ္စကို မယ်မယ် ဘယ်လိုပြောပြောမရဘူးကွယ်.”

မယ်မယ်ကတော့ ညည်းညည်းညူညူပြောတာဖြစ်ပြီး Kongpob ရင်ခွင်တစ်ခုလုံး လောင်မြှိုက်သွားရသည်။ကိုကိုက ဘာလို့သူ့ကိုလက်မထပ်ချင်ရတာလဲ။ ခုထိ မယုံရဲသေးတာလား.။ဘာလို့များလဲ.။

ခဏအတွင်းကိုပင်များပြားလှသော အတွေးပေါင်းများစွာက ပြေးလွှားလျက် မယ်မယ့်ကိုပင်အလျင်စလိုနှုတ်ဆက်ကာ Kongpob က Arthit ရှိရာဆီသို့ ကားအမြန်မောင်းလာခဲ့သည်။ပူလောင်သော စိတ်နှလုံးအစုံက တမြေ့မြေ့။ ခုထိ သူ့ကို ကိုကို မယုံကြည်မှာကိုကြောက်ပါသည်။ ကိုကို သူ့ကို ပစ်ပယ်သွားလိုက်မှာကိုလည်း စိုးပါသည်။ ကိုကို ချစ်တာကို အကြွင်းမဲ့ယုံပေမယ့် ကိုကို့စိတ်အနာတရလေး ကြောင့် လက်မခံနိုင်မှာကို လည်း တွေးပူမိသည်။

Kongpob ကားလေးက Arthit ခြံဝန်းရှေ့အလျင်စလိုထိုးရပ်သည်။ဒီနေ့က ပိတ်ရက်ဖြစ်သလို ကိုကိုကလည်း ခုထိရုံးလုပ်ငန်းပိုင်း ဘက် ခြေဦးမတည့်သေးတာမို့ အိမ်မှာပဲ သေချာပေါက်ရှိနေမည်ကိုသိသည်။ ခပ်ဟဟခြံတံခါးကို တွန်းဖွင့်ကာ အိမ်ထဲထိတောက်လျှောက်ဝင်လာခဲ့လိုက်၏။

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)On viuen les histories. Descobreix ara