သို့သော် ရှုမျိုးစုသည် ဆင်းဆင်းရဲရဲ နေထိုင်နေရတာတော့ မဟုတ်ပေ။ ပြောရပါလျှင် ရှန့်ခယ် သင်ပေးထားသော ပညာရပ်များကြောင့် မျိုးစု၏ နေထိုင်မှု အဆင့်အတန်းသည် သာမာန် မင်းအရာရှိအငယ်စားလေးများထက်တော့ သာလွန်နေသေးသည်။ ကွာခြားချက်မှာ ဤသို့ နေထိုင်နိုင်အောင် ရှုမျိုးစုက ကိုယ့်အစွမ်းနှင့်ကိုယ် ဖန်တီးနိုင်စွမ်းရှိခြင်းဖြစ်သည်။

ရှုမျိုးစုသည် မြို့တော်မှ ဇိမ်ခံပစ္စည်းများကို သဘောကျနေကြချိန်တွင် လူအများစုကတော့ ၎င်းတို့၏ ပျော့ပြောင်းသော ချည်သားအဝတ်ထည်များ၊ အဆန်းတကြယ် လက်ဝတ်ရတနာများကို စိတ်ဝင်စားနေခဲ့ကြသည်။

"ဟင် ဒါက တကယ် စစ်နတ်ဘုရားရဲ့ ဘုရားကျောင်းလား" နေးလ်၏ လမ်းပြမှုဖြင့် ရှုမျိုးစုသည် ခမ်းနားသော ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့ကြသည်။ အဝင်ဝ တစ်ဖက်တစ်ချက်စီတွင် ခြင်္သေ့အထီးနှစ်ကောင် ရုပ်ထုများ ရှိနေပြီး ခန်းမနံရံသည် အနည်းဆုံး ဆယ့်နှစ်မီတာခန့် မြင့်သည်။ ထိုနံရံကို ကြေးဖြင့် ရွှေချထားကာ ကျောက်တိုင်ကြီးများ ဒါဇင်လိုက် အုပ်မိုးလျက်ရှိနေသည်။ နံရံအရှေ့တွင် အစောင့်စစ်သားများ ကင်းပတ်လှည့်နေကြသည်။

ဤအခြင်းအရာကို မြင်ပြီးနောက် ရှုမျိုးစုသည် နတ်ဘုရားအူနို၏ ရုပ်ဆိုးဆိုးနှင့် မသေမသပ် ဘုရားကျောင်းကို သွားပြေးမြင်မိကြသည်။ ပြန်၍ မွမ်းမံပြင်ဆင်ထားပေးသော်လည်း ယခု စစ်နတ်ဘုရားကျောင်းနှင့် ယှဥ်မရနိုင်ပေ။ ဒါကလည်း ခိုလှုံသူများနှင့် တော်ဝင်မျိုးနွယ် ကိုးကွယ်သူ အဆင့်အတန်းကွာခြားသောကြောင့်ဖြစ်သည်။

ရှုမျိုးစုသည် ပြန်ရောက်လျှင် နတ်ဘုရားအူနို၏ ဘုရားကျောင်းကို သေချာ ပြန်ဆောက်ပေးကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ယခုသူတို့သည် တောက်ပစွာ ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့ပိုင်ဆိုင်ထားသည့် အရာအကုန် ပေးအပ်ခဲ့သော အရှင်အူနိုကား အေးစက်သော ဘုရားကျောင်းထဲ နေနေခဲ့ရသည်။ နတ်ဘုရား အူနိုသည် ပညာရပ်မျိုးစုံကို ညစဥ် ပို့ချ သင်ကြားခဲ့သော်လည်း ဘုရားကျောင်းတောင် ပြန်ဆောက်တည်ပေးဖို့ တောင်းခံခြင်း မရှိခဲ့ပါချေ။ ခမ်းနားသော ဘုရားကျောင်းသည် ကွန်းခိုသော နတ်ဘုရား၏ ဂုဏ်အင်နှင့် အဆင့်အတန်း ပြယုဂ်ဖြစ်သည်။ ကိုးကွယ်သူ အများစုသည် နတ်ဘုရားကို လျစ်လျူရှုမည့်အစား အငတ်ခံကြမည့်သူများ ဖြစ်ကြသည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Место, где живут истории. Откройте их для себя