"မရဘူးဆို "
ဟု ပြောကာ သူ့လူနာ ကလေးရဲ့ ခေါင်းကို
ကွန်ပါဘူးနှင့် ထုချလိုက်ခြင်းပင်။ဟိုကလေး
လဲ အော်ငိုနေပြီ"ဟိတ်... ဘာလို့ သူများကို ထုရတာလဲ။
ကြည့်ဦး သူငယ်ချင်းက ငိုနေပြီ""တူက ကိုကို့ကိုပေးမယ့်ဟာကို လာလု
နေတာကိုး..တစ်လုံးကျွေးထားတာပဲကို""အေးပါ အေးပါ ...ညီလေး တိတ် တိတ်
ကိုကိုထပ်ကျွေးမယ်နော်""မေမေကြီးနဲ့ တိုင်ကြောမယ်"
ဟိုကလေးကလဲ ချော့မရ ပြုမရနဲ့ Jungkook
ကိုပါ အော်သွားတော့သည်။ ဟိုကလေးလေး
တွေက ဆရာမကြီးနဲ့တိုင်ပြောဖို့ ချီတက်သွား
တဲ့အချိန်မှာ Jungkookနဲ့ အသည်းလေး
နှစ်ယောက်သာ ကျန်ခဲ့တော့သည်။"ဘာလို့ထုလိုက်တာလဲ...ဟိုမှာသွားတိုင်နေပြီ"
"အီး...မေမေကြီး ဆူတာခံရတော့မယ်"
အခုမှပဲ သူအဆူခံရတော့မှာကို သတိရတဲ့
ပုံနဲ့ ပြဲလန်နေအောင် အော်ငိုသည်။"ထဦး .. အင်္ကျီတွေလဲ ပေပွနေတာပဲ မင်းတော့ အဆူခံရတော့မယ်"
"ဟင့်"
တရှုံ့ရှုံ့ငိုနေတုန်းမို့ အာရုံပြောင်းကြည့်ဖို့ ကြိုး
စားကာ"ပေးလေ ဆေးတိုက်မယ်ဆို"
"ရော့ ...ဟင့်၊ တစ်လုံးပဲချားတော့"
"လာ ...အပြင်မှာထွက်ဆော့နေတာကြာပြီ
မို့လား""အွန်း"
အသည်းလေးလက်ကိုဆွဲပြီး ဂေဟာထဲပြန်ဝင်
လာတော့ ဆရာမကြီးက ဟိုကလေးလေးရဲ့
ခေါင်းက ဘုသီးကို ကြပ်ထုပ်ထိုးပေးနေလေ
သည်။"ကဲ...အသည်းလေးရေ လာပါဦး"
"တူက အရင်လာလုတာ"
ဆရာမကြီးက မဆူရသေးခင် သူကအရင်ဆုံး
ဦးအောင် ပြောသည်။ တော်တော်လဲ စွာတဲ့
ကလေး..."သူငယ်ချင်းနဲ့ ရန်မဖြစ်ရဘူးလို့မှာထားတယ်
မလား""ဟုတ်"
အဆူခံရတော့မှ လက်လေးပိုက်ပြီး တရှုံ့ရှုံ့
လုပ်နေတော့သည်။
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။
🍒 2 🍒
Start from the beginning