25 (Zawgyi)

534 36 8
                                    

ညက တော်တော်အိပ်မရခဲ့ပါ ။
စကားတစ်ခွန်းဆိုရအောင်
သူ့မျက်နှာ လိုက်ကြည့်လည်း
ခပ်တင်းတင်း မျက်နှာထားနဲ့ အကြည့်
လွှဲ ထား တော့ ဘာစကားမှ ပြောမရ။

အမှန်ဆို ကိုယ်က စိတ်တို ရမှာပါ ။
မပြောမဆိုခေါ်လာပြီး အခန်းသော့ကိုပါ
သော့ခတ်ထားလိုက်သေးတော့
လူက စိတ်အတော်ပေါက်လာ တာအမှန်။

ဒီကောင်ဟာ အမြဲတမ်း အကျိုးသင့်အကြောင်းသင့်
မလုပ် တတ်ဘူး ။ တဇွတ်ထိုး လုပ်တတ်ပြီး
တခြားလူဘက်ကို ပြန်မတွေး တတ်တာ
ငယ်ငယ်က အကျင့်အတိုင်း ။

ညက ဘယ်လို အိပ်ခဲ့ရသလဲဆိုတာလဲ
မမေးနဲ့။ သူ့အခန်းမှာနေ ဆိုပြီး ကျွန်တော့်ကို
အခန်းထဲ အတင်းထိုးထည့် အပြင်က လော့ခ်
ချထား တာတစ်ညလုံး ။

ချီးကောင် ။

" ဟေ့ ခနလေး ငါလိုက်ပို့မယ် "

ဖိနပ်စီးနေတုန်းမှာ အနောက်က အသံ
ကျယ်ကျယ်က နဲနဲလေး အထက်စီးဆန်ဆန်။
ဒါကြောင့် ကောင်းစစ်ပိုင် ခပ်မာမာ မျက်နှာထားနဲ့
မော့ကြည့်လိုက်သည်။

"မလိုဘူး
မင်း ညက ငါ့ကို ဘာမှမပြောသလို
အခုလည်း ဘာမှမပြောဘဲနေလိုက် "

ဖိနပ်ကြိုးအကုန်တပ်ပြီးသွား၍
အခန်းတံခါးဆီလျှောက်သွားလိုက်သည် ။

" ညနေ ငါလာကြိုမယ် "

ထူးထိန်လင်းက အနောက်က
ထပ်အော်ပြောပြန်သည် ။

ကောင်းစစ် ပိုင် က ကျစ်ကနဲ
စုတ် သပ်ရင်း စိတ်မရှည်ဟန်ဖြင့် လှည့်
ကြည့်သည် ။

" လာမကြိုနဲ့ ငါ ပြန်မလာဘူး "

" ဘာ "

ထူးထိန်လင်း သည် ကောင်းစစ်ပိုင်
လက်ကို ဆောင့်ဆွဲကာသူ့ဘက်
လှည့် ခိုင်း လိုက်သည်က ဆိုးကနဲဆတ်ကနဲ။

"ကျစ် မင်း အတော်ပြောရခက်ပါလား
ဘာလည်း ငါ ပြန်ချော့ရမှာလား
ငါ့ဆီမှာနေဖို့ ငါ က ချွဲ ပြီးပြော နေရမှာလား"

ကောင်းစစ်ပိုင်သည် ထူးထိန်လင်းဆီက
လက်ကို ဆွဲ ဖြု တ်လိုက်သည် ။

"ပြန်မပြော နားမထောင် လုပ် ပြန်ပြီ
ငါပြောတယ် ပြန်လာဖို့
နောက်မှ ငါ့အဆိုးမဆို..."

ညီမျှခြင်း=မျဉ်းပြိုင်​Where stories live. Discover now