ခြေသံတိုးတိုးက အခန်းနားကို နီးလို့ကပ်လာတာနဲ့အမျှ ရိပေါ်က ခြုံထားတဲ့ စောင်ကို ပိုလို့ မျက်နှာအထိလုံအောင် ခြုံထားလိုက်မိတယ်။အောက်ထပ်လှေကားကနေ အပေါ်ထပ်အိပ်ခန်းအထိ လာဖို့ဆိုတာ ခဏလေးအတွင်းပေမယ့် တိတ်ဆိတ်နေလွန်းတဲ့အခန်းထဲမှာ ကြားနေရတဲ့ ခြေတစ်လှမ်းချင်းရဲ့ ကြမ်းပြင်နဲ့ ထိခတ်တဲ့အသံကို ကြားနေရတဲ့တခဏကတော့ အကြာကြီးကြာနေခဲ့သလိုပဲ။
အခန်းတံခါးကို ကျောပေးလို့ ခုတင်ပေါ်မှာ လှဲနေတာမို့ ပြတင်းပေါက်ကနေ မြင်ရတဲ့ ညအမှောင်ကို ရိပေါ်က မျက်နှာမူပြီးသားဖြစ်တယ်။ဒါက ညတိုင်းရိပေါ်မြင်နေကြမြင်ကွင်းပေမယ့် ရိပေါ်ကတော့ ရိုးမသွားဘူး။အမှောင်ထုက လှတယ်၊ဘာဆိုဘာမှ မမြင်ရတဲ့အခါ တိမ်တွေမရှိဘူး ကြယ်တွေမရှိဘူး ပြီးတော့ လမင်းကို မမြင်ရတော့ဘူး ဒါပေမယ့် ရိပေါ်က ညတိုင်းဒီလိုပဲ ငေးကြည့်နေမိတော့တာ၊ မမြင်ရတဲ့အရာတွေကို တမ်းတရင်း ပြီးတော့ ပျောက်ဆုံးသွားပြီလို့ ခံစားရတဲ့ လူတစ်ယောက်ကို စောင့်နေရင်း ညတွေက ဒီလိုကုန်ဆုံးတယ်။
မှောင်နေတဲ့အခါတိုင်း ဘာတွေပျောက်ဆုံးသွားသလဲ
သိဖို့မလွယ်တော့ဘူး ရှာဖို့မဖြစ်နိုင်တော့ဘူး
ရိပေါ်ကတော့ ရှိနေဦးမယ်ထင်ပြီး
လိုက်လို့ငေးကြည့်နေမိသေးတယ်
အခန်းတံခါးဘက်ကို ကျောပေးပြီး အပြင်က မြင်နေရတဲ့ ဘာမှမရှိတဲ့ အမှောင်ထုသီးသန့်ကြီးကို တသသငေးနေရတာက ဒီအိမ်ကြီးမှာ ဘာအလုပ်မှမရှိဘဲ နေ့တိုင်းကို ကုန်ဆုံးသွားဖို့စောင့်နေရတဲ့ ရိပေါ်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။
ခဏနေရင် အမှောင်ထုကြီးက ပျောက်သွားမှာပေမယ့်
အချိန်မှန် ပြန်လာဦးမှာ မနက်ဖြန်ပြန်လာဦးမှာ
ဒါကို ဝမ်ရိပေါ်ကသိတယ်
ဘယ်တုန်းကစလို့ ဒီလိုငေးကြည့်နေရတာကို သဘောကျလာလည်းတော့မမှတ်မိတော့ပေမယ့် ကျိန်းသေတာက တစ်ချိန်က ရိပေါ်ကတော့ အခန်းတံခါးဝကို ငေးလို့ ပြန်လာမယ့်လူတစ်ယောက်ကို မျှော်လင့်ချက်တွေအပြည့်နဲ့ စောင့်မျှော်နေခဲ့ဖူးသလိုပဲ၊ဒီလို အခန်းတံခါးကို ကျောပေးပြီး လူတစ်ယောက်ကို မသိစိတ်နဲ့စောင့်နေတဲ့ ဝမ်ရိပေါ်တော့ မဟုတ်ခဲ့တာ ကျိန်းသေပါတယ်။
KAMU SEDANG MEMBACA
Little do you know [Completed ]
Fiksi PenggemarLittle do you know How I'm breakin' while you fall asleep
![Little do you know [Completed ]](https://img.wattpad.com/cover/218415275-64-k539475.jpg)