♤Zawgyi♤
မိုးကောင်းကင်ကြီးက တိမ်တွေမရှိသလောက်ဘဲ တောက်ပနေတယ် ကောင်းကင်ကြီးနဲ့အပြိုင် တစ်မိုးအောက်မှာ ရီရီမောမောပျော်ပျော်ရွှင်ရွှင်နဲ့ဆော့နေကြတဲ့၈နှစ်အရွယ်ကောင်လေး၂ယောက်နဲ့၇နှစ်အရွယ်ကောင်မလေးနှစ်ယောက်
ထိုကောင်မလေး၂ယောက်ထဲကအသားဖြူဖြူ အညိုရောင်မျက်လုံး ဆံပင်ရွှေဝါရောင်ရှိတဲ့ကောင်မလေးတစ်ယောက်ကစပီး
"ဟဲ့ တော်ကြတော့ ငါဆက်မလိုက်နိုင်တော့ဘူး မောပီ"
ထိုကောင်မလေးအဲ့လိုပြောလိုက်တော့ သူတို့ထဲကအရပ်ရှည်ရှည်အသားဖြူဖြူ သမင်မျက်လုံးလေးနဲ့ကောင်လေးက
"နင်ဆက်မလိုက်နိုင်တော့ရင် ဟိုတစ်ယောက်ကိုနင့်အစားလိုက်ခိုင်းလိုက်လေ ငါတို့ကတော့ဆော့တာရပ်မှာမဟုတ်ဘူး ဟေ့ရောင် ဆက်ပြေးမယ်လာ"
ထိုကောင်လေးအဲ့လိုပြောလိုက်တော့ ဆံပင်ရွှေဝါရောင်နဲ့ကောင်မလေးက
"ဟဲ့ Rosella နင်ငါ့အစားလိုက်ဖမ်းပေးစမ်းပါ ငါသူတို့ကိုမဖမ်းနိုင်တော့ဘူး မောနေပီ ငါဒီမှာခဏထိုင်နေမယ် ဖမ်းပြီးရင်ဒီခေါ်လာခဲ့လိုက်"
"အင်းပါ နင်နားနေလေနော် ငါဖမ်းပေးခဲ့မယ်" လို့ပြောပြီး ပြေးလိုက်တော့ လေထဲမှာလွင့်သွားတဲ့သူမရဲ့လိမ္မော်ရောင် ဆံပင်အလိမ်လိမ်လေးတွေနဲ့အတူ စိမ်းညို့ညို့မျက်လုံးဝိုင်းလေးတွေ ထိုပုံရိပ်ကလေးကို ဆက်မပြေးနိုင်ဘဲ ရပ်ကြည့်နေမိတဲ့ကောင်လေးတစ်ယောက်
ထိုကောင်မလေးရဲ့ပါးစပ်ကနေ "မိပြီ" လို့ပြောလိုက်မှ သွား၃၂ချောင်းလုံးကို ဖြီးပြလိုက်တော့ လေးထောင့်ဆန်တဲ့အပြုံးလေးကြောင့်ထိုကောင်မလေးရဲ့ သေးသေးဖူးဖူးနှုတ်ခမ်းလေးကပြန်ရီပြသည်ထင်ပါရဲ့ ပါးချိုင့်လေးအထင်းသား
"ဒုတ် ဒုတ် ဒုတ်"
မောလိုက်တာ ....မောတယ်ဘဲထင်တာပေါ့
သူတို့၂ယောက်ရဲ့အဖြစ်ကိုခါးထောက်ပြီးရပ်ကြည့်နေတဲ့ အရပ်ရှည်ရှည်ကောင်လေးကတော့ ဆူပုတ်လျက် သူတို့အနားရောက်လာကာ သူ့ကို ပြန်မယ်ဟုအတင်းဆွဲခေါ်တော့
YOU ARE READING
LOVE TRAVELLERS
FanfictionZawgyi+Unicode လူတစ်ယောက်ကိုအရမ်းချစ်မိရင် အတ္တတွေဖုံးလွှမ်းသွားတတ်တယ် ချုပ်နှောင်တတ်ကြတယ် ဒ့ါပေမဲ့ တစ်ချိန်ချိန်ကျ အဲ့လူကကိုယ့်အတွက်မဖြစ်နိုင်တော့တဲ့အခါ......ကိုယ့်ကိုစိတ်နာသွားတဲ့အခါ.....နောင်တမရမိပါစေနဲ့..... လူတစ်ယောက်ကိုအရမ်းချစ်မိရင် အတ္တတွေဖု...
