"Omma...lisaကျောင်းသွားတော့မယ်နော် နောက်ကျတော့မှာစိုးလို့ chae ကလဲ သမီးကို ရအောင်မနှိုးဘဲ ထွက်သွားတယ် ဟိုရောက်မှ တွေ့အုံးမယ်"

"Aw...lisaလေး chaeကကျောင်းအစောကြီး သွားတာမဟုတ်ဘူး စာတွေ နေ့မအိပ်ညမအိပ် ကျက်လို့ ထင်ပါရဲ့ သမီးကိုနှိုးနေရင်းနဲ့ လဲကျသွားလို့ အခု***ဆေးရုံမှာ"

"ဘယ်လို!!chaeကအခုဆေးရုံမှာ...ဟုတ်လား omma...အဲ့တာဆို စာမေးပွဲကရော...
အခုစာမေးပွဲက အထက်တန်းနောက်ဆုံးနှစ်ရဲ့ finalစာမေးပွဲလေ သူသွားမဖြေရင် ကျမှာပေါ့"

"အဲ့တာတော့ ommaလဲ မသိဘူး စာမေးပွဲတော့ ဖြေနိုင်တော့မယ် မထင်ဘူး သူအရမ်းအားနည်းနေတာ ဆေးရုံမှာ ၃ရက်လောက်နေ....ဟဲ့ lisa ဘယ်လဲ...aw ဒီကလေးနဲ့တော့"

သူ့ommaပြောတဲ့ စကားတွေကို ပြီးအောင်နား မထောင်နိုင်တော့ဘူး အခုအချိန်lisaရဲ့ စိတ်တွေအားလုံးက ဆေးရုံပေါ်က chae ဆီမှာ

Chaeဘယ်လောက် ဒီစာမေးပွဲ အတွက် ကြိုးစား လဲဆိုတာ သူအသိဆုံးဖြစ်နေလို့ အခုလို အခြေအနေမျိုးမှာ chae အားငယ်နေမှာ စိုး၍ ချက်ချင်း ဆေးရုံကို ပြေးထွက်လာခြင်း ဖြစ်သည်
.
.
.
ဆေးရုံရောက်တော့ သူရှိတဲ့အခန်းကိုမေးပြီး လိုက်သွားသည်
အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ပုံစံကြောင့် စိတ်မချမ်းသာရ
Chaeကမျက်နှာဖြူဖတ်ဖြူရော်နဲ့ ကုတင်ပေါ်မှာ လှဲလို့ သူ့ဘေးမှာလဲ ဘယ်သူမှမရှိဘူး chae အဖေနဲ့အမေက သူ့အလုပ်နဲ့သူဆိုတော့ chae အခုလိုဖြစ်တာတောင် သိကြသေးမှာမဟုတ်ဘူးလေ

lisaကိုမြင်တော့ chaeက ပြုံးပြသည်

"Chae... နင်ဘယ်လိုနေသေးလဲ သက်သာရဲ့လား နင်ဟာ...ကျန်းမာရေးလေးတော့ ဂရုစိုက်မှပေါ့ အခုတော့ ကြည့်အုံး"

"နင်ဟာလေ ငါ့ကိုဆို အပစ်ပြောဖို့ဘဲ သိလား
ဒါနဲ့ နင်စာမေးပွဲသွားမဖြေဘူးလား ဒီအချိန်နင် စာမေးပွဲ ဖြေနေရမယ့် အချိန်လေ"

"တော်ပါပြီ မဖြေချင်တော့ဘူး နင့်အနားမှာဘဲ နေတော့မယ်... နင်မပါတဲ့ uni ကိုလဲ ငါတယောက်ထဲ မတက်ချင်ပါဘူး နင်နဲ့ဘဲ တူတူတက်မယ်"

"lisa...ငါ့နားခဏတိုးအုံး"

"ဘာလုပ်မလို့လဲ မတိုးဘူး"

"လာပါ ခဏလေးဘဲကို နင်ကလဲ"

"အင်း အင်း ဟုတ်ပါပြီ"

lisaအရှေ့တိုးပေးတော့lisaနဖူးလေးကို chaeက မထိတထိလေးနမ်းလိုက်သည်

"အရူး... ငါ့ကြောင့်နဲ့များ စာမေးပွဲ မဖြေစရာလား နင်တကယ် အရူး ..၂ဆတုံးတဲ့လူ"

"Chaeကလဲဟာ...ငါကအမြဲ နင်နဲ့ဘဲ တူတူရှိချင်တာလေ နင်ကအခုလို ဖြစ်နေတာကို ငါကစာမေးပွဲသွားဖြေရမှာလား မသွားနိုင်ပါဘူး"

lisaပြောတဲ့စကားတွေကို သူကြည်နူးရပေမယ့် lisaအတွက်တော့ စိတ်မကောင်းဖြစ်ရသည် သူ့ အဖေက ဘယ်လောက် စည်းကမ်းကြီးတယ် ဆိုတာ chae အသိဆုံးဘဲလေ
ဒီကပြန်ရင်တော့ lisa တယောက် သူ့အဖေဆူတာခံရအုံးတော့မယ်

Next Episode...
Coming Soon🙆‍♂️❤

💌Tchal💌Where stories live. Discover now