"လုပ်ပြန်ပြီ မတိမကျစကားတွေ"
"ငါမှ ဒီကိစ္စတွေမသိတာ နင်လဲသိပါတယ် ငါဘယ်တုန်းကမှ ဒီလိုမလုပ်ဖူးဘူးဆိုတာ"
"ကြော်ငြာ ကြော်ငြာ... အဲ့တာကြော်ငြာ ဝင်တာဘဲ lalisa"
"တော်ပြီဟာ ငါအကောင်းပြောနေတာ နင်စဉ်းစားပေးပါ ငါ့ကိုအကြာကြီးလဲ မစောင့်ခိုင်းနဲ့နော်"
"အဲ့လိုဆို ငါလဲအကောင်းပြောမယ် lisa... နင်ဆရာဝန်ဖြစ်တဲ့ အချိန်ကျရင် နင်လိုချင်တဲ့ အဖြေကို ငါပေးမယ်"
"ဟာ...နင်ကလဲ ငါတို့က အခုမှ အထက်တန်း နောက်ဆုံးနှစ်လေ အဲ့တာပြီးလို့ တနှစ်တတန်း အောင်တယ်ဆိုရင်တောင် နောက်၈နှစ်လောက်နေမှ ဆရာဝန်ဖြစ်မယ့်ဟာကို"
"ဒီမှာlisa....အခုငါတို့စာမေးပွဲကနီးနေပြီ နင်စာကိုလဲ အာရုံစိုက်ပါ နင်ငါ့ဆီက အဖြေကို မြန်မြန်လိုချင်ရင် စာကြိုးစားပြီး တနှစ်တတန်း အောင် အောင်ဖြေလေ"
"နင်ပြောတဲ့စကားက ငါတကယ်ဆရာဝန်ဖြစ်တဲ့ အချိန်ထိရော တရားဝင်နေအုံးမှာလား"
"အင်းပေါ့...ငါအမြဲမှတ်ထားမယ်lisa"
Chaeရောlisaပါ စကားစဖြတ်ပြီး အိမ်ကို လမ်းပြန်လျှောက်လာခဲ့ကြသည် လမ်းတလျှောက်လုံးလဲ အတွေးကိုယ်စီနဲ့
Lisa pov "ငါ့ကိုအဲ့လောက်အကြာကြီး စောင့်ခိုင်ရလား chae ရယ်... နင်ငါ့ကို မယုံတာလား"
Chae pov "ငါလဲနင့်ကိုချစ်နေခဲ့ရတာပါlisa... ဒါပေမယ့် အခုစာမေးပွဲက ဘယ်လောက်
အရေးကြီးမှန်း နင်လဲသိနေတာမို့လို့ အဲ့ကိစ္စတွေကို ခဏမေ့ထားစေချင်ရုံပါ"
.
.
.
"lisaရေ lisa...ထတော့ ကျောင်းသွားရတော့မယ်လေ
Ya lalia!!!ထတော့ဆို မြန်မြန်ထတော့ဟာ"
စာမေးပွဲရက်အတွင်းဆို ထုံးစံအတိုင်း မနက်စောစောစီးစီး ကျောင်းသွားပြီး စာကျက်ဖို့ လာခေါ်နေတဲ့ chaeရဲ့အသံကို မကြားချင်ယောင်ဆောင်ပြီး lisa ဆက်အိပ်နေလိုက်သည်
.
.
lisaပြန်နိုးလာတော့ စာမေးပွဲဖြေရမယ့်အချိန်နဲ့ အရမ်းကပ်နေပြီမို့လို့ အမြန်ပြင်ဆင်ရသည်
အခန်းဝက အော်ခေါ်နေတဲ့ chae အသံလဲ မကြားရတော့သောကြောင့် သူ့ကို မနှိုးဘဲ ကျောင်းကို တယောက်ထဲသွားရကောင်းလား ဆိုပြီး chae ကိုဒေါသပုံတွေထနေတော့သည်
Part 1
Start from the beginning
