part.15

1.9K 116 4
                                    

At ပေကျင်း....

လျိုအိမ်တော်မှာ ပါတီကျင်းပနေတယ်
လျိုသခင်လေးပြန်လာတဲ့အထိန်းအမှတ်နဲ့ လျိုသခင်လေးနဲ့ကျန်းသခင်လေးတို့ရဲ့ မင်္ဂလာပွဲ... ပြီးတော့ လျိုအိမ်တော်နဲ့ ကျန်းအိမ်တော်တို့ရဲ့ ပေါင်းစည်းခြင်း....

စတဲ့ခေါင်းစဉ်တွေအများကြီးအောက်က ခမ်းနားလှတဲ့ပါတီကြီး....
မိသားစုတွေအားလုံးပျော်ရွှင်နေကြတယ်

ရှောင်းအိမ်တော်နဲ့ကျန်းအိမ်တော်က မောင်နှမတွေမို့ ရှောင်းနဲ့ဝမ်မိသားစု သခင်ကြီး သခင်မကြီးတွေလဲပွဲကိုတတ်တယ် အင်း ဝမ်သခင်လေး ဝမ်ရိပေါ်ရောပေါ့

.
.
.

ပွဲပြီးတော့ မိသားစုတွေပဲ ကျန်တယ် .....
လျိုဟွိုက်ခွမ်းကပဲစပြီး
"အားချန် ပြောလိုက်လေ"

ကျန်းချန်ကပြောတယ်

"ဟိုဟာ အဲ့တာကလေ. ကျနော်ပြောချင်တာက... "

ကျန်းချန်က ဧည့်ခန်းဆက်တီမှာ ထိုင်နေကြတဲ့ ကျန်းသူဋ္ဌေးဇနီးမောင်နှံ၊ ရှောင်းဇနီးမောင်နှံ၊ ဝမ်သခင်ကြီး ပြီးတော့ လျိုဟွိုက်ခွမ်း ကိုကြည့်လိုက်တယ်
ရှောင်းရှင်းချန်နဲ့ ရွယ်ယမ်တို့အားလုံးကို ဝေ့ပြီးကြည့်လိုက်တယ်
ဝမ်ရိပေါ်ကို နောက်ဆုံးမှ စူးစူးစိုက်စိုက် ကြည့်ပြီး မျက်လွှာပြန်ချလိုက်တယ် လက်ကလဲလျိုဟွိုက်ခွမ်းလက်ကိုသွားဆုပ်ကိုင်တယ်

လျိုသခင်လေးကတော့ သူ့ချစ်လင်လေးကိုအားပေးတဲ့အနေနဲ့ အေးစက်နေတဲ့လက်လေးကို ပြန်လည်ဆုပ်ကိုင် ပြီး ကျန်လက်တစ်ဖက်နဲ့ ခပ်ဖွဖွလေးပုတ်ပေးပြီး ပြုံးပြီးခေါင်းငြိမ့်ပြတယ်

ကျန်းသခင်ကြီးကတော့ စိတ်မရှည်စွာထပြောတယ်
"အားချန် ဘာပြောချင်တာလဲ ပြော..ပါးတို့ ထမင်းစားရအုံးမယ်"

(သိတယ်မလား ဖုန်းမြင့်ကထမင်းစားမယ်ဆိုတာကျိပဲ)

ကျန်းချနိကပြောလိုက်တယ်...
"ကျန့်လေး အချိန်ခဏပေးပါအုံးတဲ့ ပြီးတော့ ဝမ်ရိပေါ်သူ့ကိုလက်မခံမှာစိုးနေတယ် အဲ့တာ"

ဝမ်ရိပေါ်က ဝုန်းခနဲမတ်တပ်ရပ်ပြီး ကျန်းချန်ကိုလက်ညိုးကြီးထိုးပြီး
"ဘာ! ကိုကိုက မင်းတို့နဲ့ ဟုတ်လား ဘာလို့စထဲက မပြောကြတာလဲ ဘယ်လောက်တောင်စိတ်ပူနေကြလဲမသိပုလား 😭😭😭"
"ဝမ်ရိပေါ်လာပြောနေရင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ငိုပါတော့တယ်"

The Heartbeat for you!(Complete)Where stories live. Discover now