part.14

2K 136 2
                                    

ပေကျင်းရဲ့ မိုးနှောင်းကာလဟာ မိုးလေးဖွဲဖွဲနဲ့ နေလို့ကောင်းတယ်လို့ ထင်ရတယ်

WX.groupရဲ့ CEOရုံးခန်းထဲမှာ ဝမ်ရိပေါ်တစ်ယောက် လက်တော့ပ် ကိုကြည့်ရင်း မျက်ခုံးတန်းတို့နှစ်ခုတို့ စုကျုံနေတယ်

ဒါက စိတ်တိုဒေါသထွက်နေပေမဲ့ ခုထိအပြင်ကိုထုတ်ပြီးမပေါက်ကွဲသေးတဲ့ အခြေအနေ.

...

WXရဲ့ မန်နေဂျာချုပ် ယွိပင်းတစ်ယောက် အမောတကောနဲ့ မျက်စိမျက်နှာပျက်စွာပဲ ဝမ်ရိပေါ်ရှေ့ရောက်လာတယ်

အနှီလူသားကတော့ အေးစက်စက်မျက်ဝန်းတေနဲ့ပဲ မော့ကြည့်လိုက်တယ်

"ယွိပင်းကော အခြေအနေ ဘာတဲ့လဲ"

"ရိပေါ်ရာ ကောလဲတကယ် ဘာပြောရမလဲမသိတော့ပါဘူး အဲ့ ဝမ်ချောင်ဆိုတဲ့ကောင် မသေဘူးကွ အဆိပ်မိသေတဲ့ပုံစံနဲ့ စစ်ဆေးရေးခန်းကလူတွေကိုတစ်ပတ်ရိုက်သွားတာ အတွင်းလူလဲပါမယ့်ပုံပဲ သူသေပြီဆိုပြီး အတည်ပြုပြီးတော့ အလောင်းကိုသူ့လူတေက အစားထိုးလိုက်ပုံပဲ

ခုအဲ့ကောင် ဟဲဖန်း ဆိုတဲ့ နာမည်နဲ့လှုပ်ရှားနေတယ်

သူ့နောက်ကို စုန့်လန်ဆိုတဲ့ စုံထောင်တစ်ယောက်လိုက်နေတယ် သူ့ဘေးမှာယုံကြည်ရတဲ့သူအနေနဲ့တဲ့

ရွယ်ယမ်နဲ့ သင်တန်းအပတ်စဉ်တူတူပဲတဲ့ ရှင်းချန်ပြောတာ ရွယ်ယမ်ကျတော့ သိနေတော့လေ စူန့်လန်က အဲ့အမှုက်ုဆက်ပြီးတာဝန်ယူလိုက်ပြီး black agentအနေနဲ့လှုပ်ရှားနေတာတဲ့...

အာ...ပြီးတော့     သတင်းတစ်ခုရခဲ့တယ် လျိုအိမ်တော်က."

"ကျနော်က ကိုကို့အကြောင်းသိချင်တာလေ ဘာကိစ္စ လျိုအိမ်တော်က ပါလာရတာတုံး"

"ဒီလိုဟ ဆုံးအောင်ကျနားမထောင်ပဲနဲ့ "
"လျိုအိမ်တော်ရဲ့ဆက်ခံသူ လျိုဟွိုက်ခွမ်း သူက လိင်တူချစ်သူရှိတယ်တဲ့"

"ဟာဗျာ လိုရင်းကိုမရောက်ဘူး... 😕"

"မင်းကလဲကွာ.. သူ့ချစ်သူက ဘယ်သူလို့မင်းကထင်လို့တုံး"

"ဘယ်သိမလဲဗျ😠😠"

"အေး....သူ့ချစ်သူ က...ငါ့သူငယ်ချင်း bunnyရဲ့အစ်ကိုဝမ်းကွဲ မင်းယောက်ဖ ကျန်းအိမ်တော်က ကျန်းဝမ်ရင်လို့ ခေါ်တဲ့ အပျိုကြီးဟ"

The Heartbeat for you!(Complete)Where stories live. Discover now