ရီယွမ်ပြောလိုက်သည့် “ ကိုယ့်ဖျင် ကိုယ်ပြန်ရိုး” ဟူသောစကားက သူတို့၏ နားထဲတွင် ယခုထိတောင် ပြန်လည်ကြားယောင်နေမိဆဲပင် …

ထိုစကားက ရီယွမ်လို အဆုံးမဲ့ကန္တာရကြီးထဲရှိ ကလေးတစ်ယောက်၏ နူတ်ဖျားမှ ထွက်ပေါ်လာသော စကားများဟုပင် ထင်ရက်စရာမရှိပေ ။ ရီယွမ်၏ မိသားစုက ပြည်နယ်ခွဲလေးတစ်ခုမှ မဟုတ်သလို မည်သည့်ကျောထောက်နောက်ခံမှ မရှိပေ ။ အပြင်က ကလေကချေတစ်ယောက်ပင် ဖြစ်သည်။

“အဲဒီ မှင်စာလေးက အစ်ကို ဟောင်ကို သိက္ခာချရဲတယ်ပေါ့လား … ငါတို့အဖွဲ့အစည်းက လူများကို မထိခိုက်ပေမယ့် လူများက ငါတို့ကို လာစနေပြီး … ငြိမ်ခံနေရမှာလား …”

“ဟုတ်တယ် … နံပါတ်လေး အစ်ကိုပြောတာ မှန်တယ် ၊ အဲဒီကလေးက သေချင်နေတာဆိုတော့ ငါတို့က သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ … သိုင်းပြိုင်ပွဲကျရင် ငါတို့အားလုံး အဲဒီကောင်ကို ဒုက္ခိတဖြစ်သွားအောင် ကောင်းကောင်း ရိုက်ချိုးကြမယ်”

လီဟောင်၏ နောက်လိုက်များကတော့ တော်တော်လေး ဒေါပွနေကြသည် ။

လီဟောင်ကတော့ တည်ငြိမ်စွာပင် …  “မင်းတို့သူ့ကို အထင်မသေးကြနဲ့ သူ့မှာ အရည်အချင်းတစ်ခု ရှိရမယ်လို့ ငါထင်တယ် ၊ ရှေးဦးမူလ ဆေးပင်ကိုသူကံကောင်းပြီး ခူးနိုင်ခဲ့တယ်ဆိုပေမယ့် အဲဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးလို့ ငါထင်တယ် ၊ ပြီးတော့ နဂါးအကြေးခွံတွေလဲ အများကြီးလဲထားသေးတယ်ဆိုတော့ ဒီကောင်က တော်တော်လေး ကြေးကောင်းမှာပဲ ” 

“ဟားဟား … နဂါးအကြေးခွံတဲ့လား …”

“ဟုတ်တယ် … အစ်ကိုဟောင် ပြောမှပဲ သတိရတော့တယ် … သိုင်းပြိုင်ပွဲမှာ လောင်းကြေးထပ်တာကို ခွင့်ပြုထားတာပဲ ၊ မြို့တော်ကို ရောက်ကတည်းက နဂါးအကြေးခွံတွေ လိုက်ရှာနေတာ ၊ အခုတော့ ခပ်ဝဝသိုးတစ်ကောင်က ကိုယ့်အိမ်တံခါးဝရှေ့ အဆင့်သင့် ရောက်လာတော့မှာပဲ ”

နဂါးအကြေးခွံများက သင်တန်းသားများအသစ် အလွန်ရှာဖွေရခက်သလို ၊ မြို့တော်ရှိ တခြား သခင်လေးများအတွက်လဲ ထို့အတူပင် ဖြစ်သည် ။

True Martial World Book 13-14Where stories live. Discover now