ထို့ပြင် တိုင်အီနတ်ဘုရားမြို့တော်ရှိ ကျင့်ကြံသူများအကြား တိုက်ပွဲများကို စည်းကမ်းကျကျ သတ်မှတ်ထားသည်။ ဒုတိယနှစ် ကျောင်းသားများနှင့် ပထမနှစ်ကျောင်းသားများအကြား ကန့်သတ်ချက်များစွာ ရှိပေသည်။ လူသစ်များ အချင်းချင်း စိန်ခေါ်တိုက်ခိုက်ရန်အတွက် သီးသန့်နေရာတစ်ခု ခွဲခြားထားသည် ။ အထူးသဖြင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် လုံးဝ တိုက်ခိုက်ခွင့်မပြုပေ … ဥပမာ … စားဖိုဆောင်နှင့် လူသွားလမ်းကဲ့သို့ နေရာများ …

“မင်းအခု ကြားပြီးလား ”  ရီယွမ်က မသေချာသည့်ဟန်ဖြင့် လှမ်းမေးလိုက်ပြီး အသားတုံးကို နောက်တစ်ဖဲ့ ကိုက်လိုက်ပြန်သည် ။

ရီယွမ်၏ စကားကို ကြားလိုက်ရသောအခါ လီဟောင်၏ အသားများပါ တဆတ်ဆတ် တုန်လာကြသည် ။

“ကောင်းတယ် … သိပ်ကောင်းတယ် … မင်းစိတ်ထင် မင်းကို ငါဘာမှ လုပ်မနိုင်ဘူး ထင်လို့လား …”
လွေခုန်းက သူ့လက်ထဲတွင် ကျန်ရှိနေသော သတ္တုခွက်ကွဲ အပိုင်းအစများကို တစ်စုတစ်ဝေးထဲဖြစ်အောင် လုံးချေလိုက်သည် ။

သို့သော် ရီယွမ်က မည်သို့မှ ကြောက်ရွံ့ဟန်မပြပေ ။ သူ့အနေနှင့် ဤအခြေအနေ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်နေမှန်း သိသာသည် ။ စားပွဲပေါ်တွင် ထိုင်မြဲထိုင်နေကာ ဆက်လက်စားသောက်နေဆဲပင် ဖြစ်၏ ။

စားဖိုဆောင်ထဲတွင်တော့ လီဟောင်က မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ချေ ။ အကယ်၍ သူတို့သာ ဒီနေရာတွင် တိုက်ခိုက်ပါက စားပွဲများ ၊ ပန်းကန်ခက်ယောက်များအကုန်လုံး ကျိုးပဲ့ပျက်စီးကုန်လိမ့်မည် ဖြစ်၏ ။ ထို့ပြင် မြို့တော်မှလည်း သူ့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ ။

ထိုအခြင်းအရာကို စားဖိုဆောင်ထဲရှိလူတိုင်းက မျက်လုံးအပြူးသားနှင့် ကြည့်နေကြသည် ။ ရီယွမ်က လွှမ်းမိုးနိုင်လွန်းအားကြီးသည် ။ လီဟောင်ကို လုံးဝ ဂရုပင်မစိုက်ချေ …

လီဟောင်က ဒေါသ တထောင်းထောင်း ထွက်နေသော်လည်း သူမည်သို့မှ မတတ်နိုင်ပေ ။

လီဟောင်က အံကို စေ့နေအောင် ကြိတ်လိုက်ပြီး “ဟင်းဟင်း … သောက်ကလေး .. ငါမင်းကို ဘာမှ မလုပ်နိုင်ဘူးလို့မင်းထင်တာလား … မင်းမသိတာ ရှိတယ် .. နောက်ရက်အနည်းငယ်အတွင်း မင်းတို့တွေ အလုပ်ပိတ်တဲ့ အချိန်ကျရင် မင်းတို့အားလုံး သိုင်းပြိုင်ကွင်းမှာ ပြိုင်ရဖို့ရှိတယ်”

True Martial World Book 13-14Where stories live. Discover now