လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀ ခန့်က ပန်းပဲအလုပ်တွင် တူကို အသုံးပြုပြီး စံချိန်သစ်တင်သွားခဲ့သူများ ရှိသည် ။

ခြောက်ရက်အတွင်း သံမဏိပေါင်းများစွာနှင့် အခြားသတ္တုများကို ကောင်းစွာပုံသွင်းထုရိုက်ပြီး နဂါးအကြေးခွံ ၄၈၀၀၀ ကျော် ရရှိသွားခဲ့သည် ။

နဂါးအကြေးခွံ ၄၈၀၀၀ တဲ့လား … ကျိုးခိုင်က ပန်းပဲအလုပ်ရုံသို့ လာခဲ့စဉ်က ခပ်ပေါ့ပေါ့လေးသာ တွေးထားခဲ့သည် ။ သူ့စိတ်ထဲတွင် ထိုသူ၏ စံချိန်ကို မချိုးနိုင်လျှင်တောင်မှ သူ၏ အနေအထားက သိပ်အများကြီး မဆိုးလောက်ဘူးဟု တွေးထားခဲ့သည် ။ သို့သော် နဂါးအကြေးခွံ ၄၈၀၀၀ ကို ထိုသူက ရရှိထားခဲ့သော်လည်း ကျိုးခိုင်အတွက်ကတော့ နဂါးအကြေးခွံ ၂၀၀၀၀ -၃၀၀၀၀ ရရှိရန်အတွက် သိပ်ပြီး မခက်ခဲလောက်ဘူးဟု သူထင်ထားခဲ့သည် ။

နောက်တစ်နေ့မနက် ရလာဒ်များကတော့ ကျိုးခိုင်ကို မှင်တက်အံ့သြသင့်သွားစေသည် ။

ပထမနေ့အတွင်း ကျိုးခိုင်က သူ၏ ခွန်အားများကို အကုန်အသုံးချပြီး အလုပ်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် နဂါးအကြေးခွံ ၂၅ခုသာ ရရှိခဲ့သည် ။

နောက်တစ်နေ့တွင်တော့ ကျိုးခိုင်က သူ၏ လေဆင်နှာမောင်းတူသိုင်းကို အကောင်းဆုံးအသုံးချပြီး နဂါးအကြေးခွံ အခု ၃၀ ခန့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည် ။ နောက်ဆုံးတွင် သူ၏ တစ်ရက်ဝင်ငွေက နဂါးအကြေးခွံ လေးဆယ် ၊ ငါးဆယ်ခန့်အထိ တိုးလာခဲ့သည် ။

ကျိုးခိုင်၏ အကောင်းဆုံး ရလာဒ်က တစ်ရက်လျှင် နဂါးအကြေးခွံ ၅၂ ခု ဖြစ်သည် ။ ဒါပေမယ့် ဘယ်လိုလူတွေက စံချိန်တင်ခဲ့တာလဲ … ။

နှစ်လအတွင်း နဂါးအကြေးခွံ ၄၈၀၀၀၀ ရရှိရန်အတွက် တစ်ရက်လျှင် ဝင်ငွေ ၈၀၀ ခန့် ပျှမ်းမျှရှိရန် လိုအပ်သည် ။

ကျိုးခိုင် သွေးအန်ပြီး ရူးမတတ်ပါ ဖြစ်ခဲ့ရသည် ။ သူအကောင်းဆုံးကြိုးစားလုပ်ဆောင်ခဲ့သော်လည်း သူ၏ တစ်နေ့တာ ဝင်ငွေက ထိုလူ၏ ဆယ်ပုံတစ်ပုံစာပင် မရှိချေ ။ ဘယ်လိုနည်းနဲ့ လိုက်မှီနိုင်လိမ့်မည်နည်း ။

True Martial World Book 13-14Where stories live. Discover now