အပိုင်း၂၄

Start from the beginning
                                    

“Chakrii .မင်းပဲပြောပါဦး။ Kongpob ပြောတဲ့ ကိုကိုဆိုတာ ဘယ်သူ့ကိုပြောတာလဲ Arthit လား.ဟင်--ဖြေပါဦး.”

“ဟုတ်တယ် မယ်မယ်. ညီလေး အသက်ရှင်နေသေးတယ်.”

“Chakrii ရယ်--မင်း--”

ထိုင်နေတာတောင် ခွေယိုင်လဲမတတ်ဖြစ်သွားသည့် မယ်မယ်ကြောင့် Nanyi ခမျာ ဘေဘီကို အိမ်ထိန်းအဒေါ်ကြီးလက်ထဲ ထည့်လျက် မယ်မယ့်ဘေးတွင် အမြန်ဝင်ထိုင်တွဲကူပေးလိုက်ရသည်။

“မယ်မယ်--စိတ်လျှော့ပါဦး.. ”

မယ်မယ်က မျက်ရည်လည်ရွှဲဖြင့် ခေါင်းခါသည်။မျက်တောင်ခတ်လိုက်တိုင်း ပြိုကျနေသည့် မျက်ရည်တို့ကို ဂုဏ်ကြီးရှင် မယ်မယ် သည် သုတ်မအားနိုင်တော့။ Chakrii မျက်ရည်တစ်စက်မှ မကျဘဲ တင်းခံနေနိုင်၏။သူ့လက်မောင်းကိုလှုပ်ကိုင်လျက် မယ်မယ် မချိတင်ကဲငိုနေတာကိုသိသော်ငြား။

“လုပ်ရက်လိုက်တာ သားရယ်..Arthit ကို မယ်မယ် ဘယ်လောက်တောင် တမ်းတနေရသလဲ။ဘယ်လောက်တောင် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိစိတ်နဲ့သားငယ်ကို လွမ်းနေရသလဲ မင်း သိရဲ့သားနဲ့ကွယ် Chakrii ရယ်.”

“သေမှလွမ်းကြတာလေ မယ်မယ်။ အစကတည်း က မယ်မယ်တို့ရဲ့အတ္တတွေ--သုံးစားမရတဲ့မာနတွေကိုတစ်ယောက်တစ်လှမ်းစီပဲ လျှော့ပေးခဲ့ရင်.. ကြားထဲကနေ Arthit က ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်တဲ့အထိ ဖြစ်သွားခဲ့မှာမဟုတ်ဘူး။တစ်ချိန်လုံးရှေ့တန်းတင်နေခဲ့တဲ့ မယ်မယ်တို့အတ္တတွေကြောင့် ချစ်တဲ့သူကိုဆုံးရှုံးရမှ နောင်တရကြတယ်မလား။ ဒီနှစ်တွေအတွင်းမယ်မယ်တို့ တကယ်ပဲခံစားသင့်တယ်ဆို ကျွန်တော်မလွန်ဘူးလို့ယူဆတယ်။”

သူ ပြောတာတွေမှန်နေတာကြောင့် မယ်မယ် ရော Kongpob ပါ ငြိမ်သက်နားထောင်နေရသည်။ နာကျင်ကြပါစေ. ခံစားကြပါစေပေါ့။ အပြစ်မရှိတဲ့သူရဲ့ စိတ်တွေ နှလုံးသားတွေကို နာကျင်စေခဲ့ပြီးမှ ကိုယ့်အလှည့်ကျ သိတတ်နေလို့တော့ မဖြစ်ဘူးမလား။ Chakrii မည်သူ့ကိုမှ မုန်းတီးနေခြင်းမရှိပါ။ မယ်မယ့်ကိုလည်း မိခင်ရင်းလိုချစ်ရသလို Kongpob ကိုလည်းယောက်ဖအနေနဲ့ သူ ခင်တွယ်ပါသည်။သို့ပေမယ့် ချစ်ရတဲ့ညီလေးအတွက် ခံရခက်လွန်းသည်ကြောင့်သာ ဒီလိုရေငုံနှုတ်ပိတ်နေခဲ့တာ။

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now