ထိုစာအုပ်က အုတ်ခဲတစ်လုံးခန့် အထူရှိပြီး နတ်ဘုရားဒေသ လမ်းညွှန်စာအုပ်နှင့် ခပ်ဆင်ဆင်တူ၏ ။ ထိုစာအုပ်ထဲတွင် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုရှိသလို စာဖတ်ရန်အတွက် စိတ်စွမ်းအင်များစွာ စိုက်ထုတ်သုံးစွဲရန် လိုအပ်သည် ။

စာမျက်နှာတစ်ခုချင်းဆီတိုင်းက မတူညီသော ရတနာပစ္စည်းများကို သေချာကျနစွာ မှတ်တမ်းတင်ထားသည် ။ ရီယွမ်က ခေါင်းစဉ်များကို တစ်ခုပြီးတစ်ခု လှန်လှောကြည့်ရှုလိုက်သည် ။

စွန့်ပစ်သားရဲများက ရှေးဦးမူလ သားရဲအဆင့်ထက်မနိမ့်ကျသလို ဘုရင်အဆင့်သားရဲကောင်များ ဖြစ်ကြသည် ။

ထိုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်များထဲမှ အညံ့ဆုံး စာရင်းထဲတွင် ကောင်းကင်အဆင့် ဆေးပင်များနှင့် ရှေးဦးဆေးပင်များ ပါဝင်နေခြင်းက အံ့သြသင့်ဖွယ်ရာပင် …

ရီယွမ်က တိုင်အီ မြို့တော်သခင်နှင့် ခေါင်းသုံးလုံး ရှေးဦးမူလ သားရဲကြီးတို့ တိုက်ခိုက်ခဲ့ကြသည့် မြင်ကွင်းကို သူပြန်သတိရသွားသည် ။
အိုး .. ဟုတ်သားပဲ ! … ခေါင်းသုံးလုံးသားရဲကြီးက အသန်မာဆုံး ရှေးဦးမူလ သားရဲကြီးများ စာရင်းထဲတွင် ပါဝင်သည် ။

သူရှာတွေ့ခဲ့သော ရှေးဦးမူလ ဆေးပင်မှ စွမ်းအင်များက ရှေးဦးမူလသားရဲကြီး၏ စွမ်းအင်များလောက်တော့ သိပ်ပြီး မသန့်စင်ပေ ..
ရှေးဦးမူလသားရဲကြီးက တောင်များကို အပိုင်းပိုင်းဖြတ်နိုင်စွမ်းရှိပြီး ပင်လယ်ကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိကြရာ သာမန်ဆေးပင်လေး တစ်ပင်က မည်ကဲ့သို့ နှိုင်းယှဉ်နိုင်လိမ့်မည်နည်း ……..

ရီယွမ်က တစ်ရွက်ပြီးတစ်ရွက်လှန်သွားပြီး ရှေးဦးမူလဆေးပင်များနှင့် သက်ဆိုင်သည့်အကြောင်းအရာများကို ဖတ်ရှုလိုက်သည် ။

ရီယွမ်က ညလယ်ပိုင်းမှစပြီး ညဥ့်နက်ပိုင်းထိတိုင်အောင် ဇွဲနဘဲကြီးစွာဖြင့် ဆက်ဖတ်နေလိုက်သည် ။

ရှေးဦးမူလဆေးပင်ရာကျော်များကို အပြန်ပြန်အလှန်လှန် ဖတ်ရှုသုံးသပ်လိုက်ပြီးသော အခါတွင်တော့ ရီယွမ်က သူရင်ဆိုင်ခဲ့ရသော ဆေးပင်က ဘာဆေးပင်လဲဆိုတာကို မှန်းဆနိုင်လိုက်ပြီးဖြစ်သည် ။

True Martial World Book 13-14Where stories live. Discover now