Part 5

2.3K 105 0
                                    

Jenခုရက်ပိုင်း lisa ကိုရှောင်နေသည်
လမ်းမှာတွေ့ရင်တောင် မသိသလိုရှောင်သွားသည်
ဖုန်းဆက်လဲမကိုင် messageဆိုလဲပြန်မပို့
lisaလဲသူ့ကိုရှောင်နေမှန်း ရိပ်မိနေတာမို့ ဒီနေ့မနက်ကျောင်းကို စောစောလာဖို့သူ့ကို ချိန်းလိုက်ပြီး လာစောင့်နေသည်
.
.
.
Li "Jen...မလာလောက်ဘူးထင်တာ"

Jen "ဒီက ကျမကိုဘာပြောစရာရှိလို့လဲမသိဘူး"

Li "Jen ဘယ်လိုပြောလိုက်တာလဲ သူစိမ်းဆန်လိုက်တာ"

Jen "အရင်ကရင်းနှီးခဲ့ရင် ရင်နှီးခဲ့မှာပေါ့ အခုတော့သူစိမ်းဘဲလေ ဘာပတ်သတ်လို့လဲ"

Li "ကိုယ့်ကို မကျေနပ်တာများရှိလို့လား ကိုယ်
jen မကြိုက်တာဘာများလုပ်မိလို့လဲ"

Jen "ဒီမှာlisa ဒီလိုစကားတွေလာပြောရအောင် ရှင်နဲ့ကျမက ရည်းစားတွေလဲမဟုတ်ကြဘူး ရင်းနှီးပါတယ်ဆိုရုံလေးဘဲရှိတာ ကျမစိတ်ထဲမှာ အဆင်ပြေနေရင် ရင်း"နှီး"နေလိုက်မယ် အဆင်မပြေရင် မပေါင်းဘူး အဲ့တာဆန်းလို့လား"

Li "တကယ်ဘဲ မသိတာလား မသိချင်ယောင်ဆောင်နေတာလားJennie"

Jen "ဘာကိုသိရမှာလဲ သိစရာရော လိုလို့လား"

Jenရဲ့ပုခုံး၂ဖက်ကိုကိုင်ပြီး မျက်ရည်များလဲကျလျက်

Li "လိုတယ် မင်းသိမှဖြစ်မယ် ငါမင်းကိုချစ်နေတာ မင်းသိမှဖြစ်မယ်...Jennie ငါမင်းကိုချစ်တယ် ကျောင်းစတက်တဲ့နေ့ထဲက မင်းကိုမြင်ပြီးချစ်ခဲ့ရတာ စွဲလမ်းခဲ့ရတာပါ"

Jen "ကိုင်ထားတာကိုလွှတ်ပေးပါ ရည်းစားရှိပြီးသား လူတယောက်က ကျမကိုအဲ့လို စကားတွေလာပြောနေတာ ကျမလက်မခံနိုင်ဘူး"

Lisaလဲပုခုံးကိုလွှတ်ပေးလိုက်ပြီး သူဘာတွေပြော နေမှန်းလဲ နားမလည်ဖြစ်နေသည်

Li "ဟမ်??ရည်းစားရှိတယ်?? ဘယ်သူကလဲ?? ဘယ်သူ့ကိုပြောနေတာလဲ??"

Jen "ရှင့်ကိုပြောနေတာလဲ ဟိုနေ့ထဲကကျမ မြင်ပါတယ် ဒီနေရာမှာဘဲ mina နဲ့ ဖတ်ထားကြတာကို"

Li "aw....ဟား ဟား ဟား"

Jen pov : "ငိုလိုက် ရီလိုက်နဲ့ ရူးများသွားတာလား မသိဘူး"

နွေဦးWhere stories live. Discover now