MAMA'S Boy 🔞 🔞

17.8K 579 0
                                    

MAMA'S BOY PART-22

စျာန် သူငယ်ချင်းတွေနဲ့လိုက်လာသော်လည်း စိတ်ကအိမ်မှာပဲ ကျန်ခဲ့သည် ထိုကလေး တော်တော်ပူနေမှာ ဟေမာန် လုပ်မှန်းလည်း သူမြင်သည် ဒါပေမယ့် အဲ့ကလေး မျက်ရည်ကျအောင် လုပ်ချင်နေသည့်အတွတ် သူသည်ူးခံခဲ့တာ

"စျာန့် ဘာတွေတွေးနေတာလဲကွာ"

"မင်းဘာသာအေးဆေးနေ"

စျာန်အော်လိုက်တော့ ထိုမိန်းမက မျက်နှာကိုမဲ့ပြီးထိုင်နေလေသည် သူထိုင်တွေးနေတုန်း waiterလေးက သူတို့မှာထားသည်များကို လာချပေးနေလေသည် ဟင်းရည်ပူတခွက်ကို စျာန့်အပေါ်ကအဖြတ် စျာန်လက်ကို မလိုက်ပြီး မတေိာတဆပုံနှင့် ပုတ်ချလိုက်သည်

"အားးးးး ပူတယ်"

ဟင်းရည်ပူ အငွေ့တထောင်းထောင်းက ဟိုမိန်းမပေါ်မှာ ခန့်ညားစွာတည်ရှိနေလေသည် ထိုမိန်းမကတော့မျက်နှာတခုလုံးရဲလာပြီး ထရပ်ကာ waiterလေးအားရန်တွေ့တော့သည်

"နင်ဘ်ာလိုလုပ်လိုက်တာလဲ အောက်တန်းစား waiter"

"တောင်း တောင်းပန်ပါတယ် အမ"

ထိုwaiterလေးမှ ထိုင်မကန်တော့ရုံတမယ်တောင်းပန်နေရလေသည် စျာန်လည်း မနေသာတော့၍

"မင်း သွားလိုက်တော့"

"စျာန့်"

ကျွန်တော် သွားခိုင်းလိုက်သည်နှင့် waiterလေးက မပြေးရုံလေး ထွက်သွားလေသည် ဟိုမိန်းမကတော့ အရှက်မရှိဒေါသတကြီးရှိနေလေသည် သူငယ်ချင်းတွေကတော့ ပွဲကြည့်ပရိတ်သတ်

"ရေသွားဆေးလိုက်ပေါ့ကွာ သူလည်းမတော်တဆပဲ"

"စျာန့် နင်ဘယ်လိုပြောလိုက်တာလဲ"

စျာန် သူမပြောနေတာကို အရေးမထားပဲ ကဒ်တခုထုတ်ကာ သူငယ်ချင်းတယောက်ရှေ့ချပေးလိုက်သည်

"ကြိုက်တာစားပြီး ဒါနဲ့ရှင်းခဲ့လိုက်နော် ငါသွားပြီ"

"စျာန့် နင် နင်"

စျာန် ထိုင်ရာကနေထပြီး ထိုမိန်းမနဲ့မျက်နှာချင်းဆိုင်ရပ်ကာ

"မင်းလည်း နောက်တခါ လူတယောက်ကိုမတူသလို မတန်သလိုမဆက်ဆံနဲ့"

MAMA'S BoyWhere stories live. Discover now