ကျွန်တော်ပြောပြီး လက်တဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ မတ်တပ်ရပ်နေလိုက်သည်။သူမမျက်နှာက ဘယ်လိုမှမထိန်းနိုင်စွာ ပျက်ယွင်းသွားပြီး

"ရှင်..ရှင်."

သူမကလက်တဖက်မြှောက်တက်လာကာ သူ့ပါးအားရိုက်ရနိပြင်လိုက်သည်။ကျွန်တော်ထိုလက်အားပြန်ထိန်းကာ စောင့်တွန်းချလိုက်သည်

"မင်းကဘာမလို့ ငါ့ကိုရွယ်ရဲရတာလဲ အေး ကောင်းကောင်းမွန်မွန် နေသေးချင်ရင် ငါ့အသားကိုမပြောနဲ့ ငါ့အရိပ်ကိုတောင်မနင်းမိစေနဲ့ မိန်းကလေးမို့ ဒီတခါခွင့်လွှတ်လိုက်မယိ"

ကြမ်းပြင်ပေါ်လဲကျနေသော သူမအားစေ့စေ့ကြည့်ကာပြောပြီး ကြွက်ဖြူစုတ်လက်ကလေးအား ဆွဲကိုင်ကာ ထွက်လာခဲ့လိုက်သည်

♡ ♡ ♡ ♡ ♡

ရာစု ထိုလူက သူ့သူငယ်ခ်ျင်းများနှင့်တွေ့ပြီးစကားပြောနေတုန်း မာန်တို့ကို မျက်လုံးဝင့်ပြီးလူအုပ်ထဲရှာလိုက်သည် တွေ့ပါပြီ ကနေလိုက်တာများကွေးလို့နှစ်ကောင်သား သူဘာဖြစ်မှန်းမပြောနဲ့ သူပျောက်နေတာကိုပင်မသိပုံ

သူမာန်တိူ့ဆီသွားပြီးအိမ်ပြန်ပို့ခိုင်းချင်နေပြီ ဒါပေမယ့်သူ သူ့ရှေ့မှာရှိနေသော ထိုလူကြီးအား မပြောရဲပေ မိန်းကလေးတယောက်ကိုတောင် ညင်ညင်သာသာမပြောတာ သူ့ဆိုအသေသတ်ပစ်လောက်သည်

မပြောလို့ကလည်း မဖြစ်ပြန် အဲ့တာမို့ ရာစု ထိုလူ၏အင်္ကျီခါးစလေးအား မသိမသာ လှမ်းဆွဲလိုက်သည် သူဆွဲတာကို သတိထားမိသည်ထင် နောက်ကိုလှည့်လာကာ ပြော ဆိုသည့်သဘောဖြင့် မျက်ခုံးတဖက်ပင့်ပြီး မေးပါပင့်ပြလေသည် မဆီမဆိုင် သူတွေးမိတာက ထိုလူက ဘယ်လိုကြည့်ကြည့်ကြည့်ကောင်းနေတာပင်

"ဟို သူငယ်ချင်းတွေဆီ သွားချင်လို့ အကိုစျာန်.."

သူစကားပြော၍မဆုံးသေး သူ့နှုတ်ခမ်းအားဖျက်ခနဲဆိုနမ်းကာ

"ကိုကိုလိုခေါ်ဖို့ ပြောထားတယ်လေ "

"ဟုတ် ဟို ကိုကို သူငယ်ချင်းတွေဆီသွားချင်လို့"

သူပြောလိုက်တော့ အလိုမကျသလို မျက်ခုံးများကိုတချက် ရှုံ့ကာ သဘောမကျဟန်ပြလေသည်။

"ဘယ်မှာလဲ သူငယ်ချင်းတွေက"

ထိုလူကြီးမေးလာသည်နှင့် သူမာန်တို့ရှိရာဆီလက်ညိုးထိုးပြလိုက်သည်။

"ဟိုမှာကိုကို"

"အင်း အဲ့တာဆိုလည်း သွားလေ ဒါနဲ့ အိမ်တန်းပြန်တော့မှာလား"

"ဟုတ် ပြန်တော့မှာ မေမေစိတ်ပူနေလောက်ပြီ"

သူဖြေပေးလိုက်မှခေါင်းတချိတ်ညိတ်ပြကာ သွားဆိူသည့်သဘောလုပ်ပြလေသည်။မသွားခင် သူ့သူငယ်ချင်းတွေက အသစ်လေးလား ဆိုသည့်မေးသံကို ကြားလိုက်ရသေးသည်။ ကျွန်တော် သူဘာပြန်ပြောလိုက်လညိး နားမထောင်ဖြစ် ခွင့်ရသည်နှင့် မာန်တို့ဆီ ခပ်သွက်သွက်သွားလိုက်သညိ

ဒီနေ့အဖြစ်ကိုမေမေသိရင် စိတ်တိုမှာအသေအချာဖြစ်သလို သူကိုယ်တိုင်လည်းမလုံမလဲဖြစ်ရသည်။သူမာန်တို့နားရောက်သည်နှင့် အိမ်ပြန်လိုက်ပို့ရန်မာန်တို့အားပြောလိုက်သည်

သူ ကားပေါ်ရောက်နေသည့်တိုင် ထိုလူ့အကြောင်းတွေးလို့မပြတ်သေး အရင်လို ခပ်ဆိုးဆိုးပုံမဟုတ်ပဲ suitနဲ့မြင်တွေ့ရသည်က သူ့ကိုပို၍ခန့်စေသည် ဒါပေမယ့်ရိုင်းစိုင်းတာကတော့ တော်ရုံလူလိုက်မမှီပေ

မေမေနှင့်ထိုလူသာတွေ့မိရင်တော့ သူတယက်မတွေးဝံ့ပါ ဟိုလူက တဇွတ်ထိုး မေမေက ခက်ထန်ထန် သူဘာကိုကြောက်မှန်းမသိတခုခုကိုစိုးရိမ်နေသည်

မာန်တို့ကတော့ကားပေါ်ရောက်သည်အထိ သီချင်းတွေဆိုကာမြူးနေတုန်းပင် သူလည်းတခါတလေ မာန်တို့လို နေချင်ပါသည် သူအဲ့လိုနေလိုက်ရင် မေမေလည်းကတယ်စိတ်ကောင်းမည်မဟုတ်ပေ

ဟူးစ် သူ သက်ပြင်းဖြေးဖြေးချကာ ကားမှန်အပြင်ဘက်ကိုကြည့်နေလိုက်သည် ကားထဲမှလေကလည်း သူ့ရင်ထဲကိုအေးအောင်မစွမ်းဆောင်နိုင်ပေ

#TBC

MAMA'S BoyWhere stories live. Discover now