"ရှယ်လီက ရှောင်းကျန့်ကို သတင်းစကားပါးပေးဖို့လာတာ။ ရိပေါ်ရဲ့ ပါပါးကြီးဆီက။..ရှောင်းကျန့်အတွက် သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခုပေါ့။ ဘယ်ဟာကိုအရင်နားထောင်ချင်သလဲဟင်"

"ဘယ်ဟာပဲနေနေ..ကျွန်တော်အဆင်ပြေပါတယ်။"

ဒီလူသားရဲ့ အပြုံးတွေက နွေဦးပန်းကလေး လိုနူးညံ့နွေးထွေးနေတာပဲ။ ဖျော့တော့နေတဲ့ လက်ကို ရှယ်လီဖွဖွကလေးကိုင်လိုက်တယ်။

"ရှောင်းကျန့် ရဲ့ ပါပါးက ရှောင်းကျန့်အခုခံစားနေရတဲ့ အတိုင်းပဲ အသက်ဆုံးရှုံးခဲ့ရတာ။ ဒါ့ကြောင့် ရှောင်းကျန့်မာမားက ရှောင်းကျန့်မှာများ..ဆိုတဲ့ အတွေးနဲ့ အချင်းကို သေချာ သိမ်းခိုင်းထားခဲ့တယ်တဲ့။ အခုရိပေါ်က အဲ့ဒါယူဖိူ့သွားနေပြီ။"

သူတောင်တစ်ခါမှမကြားဖူးတဲ့ အကြောင်းတွေမို့ ရှောင်းကျန့် တအ့ံ့တသြပဲ နားထောင်မိတယ်။ ပြီးတော့ ရိပေါ်က အဲ့ဒါအတွက် ဘာတွေလဲလှယ်လိုက်ရသလဲ။

"ရှောင်းကျန့်ထင်သလိုပါပဲ။ နှစ်ရက်အတွင်း stem cell လှယ်တာကိုစလိမ့်မယ်။ ရှောင်းကျန့်သတိရလာတာနဲ့ ရိပေါ်က ကျွန်မရဲ့ တရားဝင်ခင်ပွန်း ဖြစ်နေမှာပါ။"

ပြုံးလိုက်တဲ့ ရှောင်းကျန့်ကို ရှယ်လီကအပြည့်အဝနားလည်တယ်။ နောက်ဘဝဆိုတာများရှိခဲ့ရင် ရိပေါ်က ရှင့်အတွက်ပါပဲ။

"ကျွန်မတို့ နှစ်ယောက်လုံးက ရိပေါ်ကိုချစ်ကြတယ်။"

ဒီတစ်ခါတော့ ရှောင်းကျန့်ကအသံထွက်ပြီးရီတယ်။

"မိန်းကလေးတစ်ယောက်ဆီမှာ ဘာကိုမှလိမ်လို့ မရပါလားဗျာ"

သူရယ်တော့ ရှယ်လီကပါလိုက် ရယ်ပါရော။ ကိုယ်စီကိုယ်ငှ နာကျင်ကြတာကိုတော့ လစ်လျူရှုထားလိုက်ကြရအောင်။

............

ညနေပိုင်းမှာပဲ ရိပေါ် ပြန်ရောက်လာတယ်။ ရှယ်လီလာသွားတာကို ရိပေါ်ကမသိပါဘူး။ ရှောင်းကျန့်ရွှင်ရွှင်လန်းလန်း ဖြစ်နေတာကိုကြည့်ပြီးရိပေါ်ဝမ်းသာနေတယ်။ အချင်းမှာ ပါတဲ့ သွေးကနေ ထုတ်ပေးနိုင်တဲ့ stem cell အကြောင်းကို ရှောင်းကျန့်ကိုပြောပြတော့ နားလည်ပြီးသားလိုပဲ ခေါင်းငြိမ့်ပြတယ်။ သူကအရမ်းဝမ်းသာနေပေမဲ့ ရှောင်းကျန့်ကတော့ပုံမှန်ပဲ။ ရိပေါ်က ရှောင်းကျန့်ကို မွေးနေ့အကြို ကိတ်မုန့်ကလေး ဝယ်လာပေးတယ်။ ရှောင်းကျန့်ရဲ့မွေးနေ့မှာ သူမရှိနိုင်တော့တဲ့အကြောင်းကိုတော့ ပြောမထွက်ဖူး။

Wind Farm||Completed!||Where stories live. Discover now