MAMA Boy အပိုင်း(၁)
"သားသား ထမင်းဘူး ထည့်ပေးလိုက်တယ်နော် အပြင်စာတွေမစားနဲ့ သူငယ်ချင်းဆိုလည်း ကြည့်ပေါင်း အသစ်ပေါင်းရင်လည်း မာမီ့ကိုပြန်ပြောပြ ကြားလား သားသား"
"ဟုတ် မေမေ သား ပြန်ပြောပါ့မယ်"
ဒီအသံကတော့ ရာစုသစ် တို့အိမ်လေးရဲ့ကြာနေကြအသံ
ရာစုသစ်ဆိုတာ အခုမ အသက် ၁၇ သာသာလေး ဆံပင်ခပ်အုပ်အုပ်လေးနှင့် မျက်နှာဖြူဥဥလေးကပနံရစွာရှိနေလေသည်။ နှုတ်ခမ်းလေးတွေဆို နီရဲစိုနေတာ တော်ရုံကောင်မလေး မမှီပေ။ အရပ်ကလေးက 5'5" မျက်လုံးကြည်ကြည်တောက်တောက်လေးတွေနှင့် ချစ်စရာ အူယားစရာလေးပင်"ကဲ အဲ့တာဆို မာမီကျောင်းလိုက်ပို့မယ် တက် ကားပေါ်"
ရာစု ခမျာ အသက်သာ ၁၇ပြည့်သွားတယ် ခုထိအိမ်ကကျောင်းလိုက်ပို့တုန်းပင်။မေမေက သူ့အားအရမ်းချစ်သည် ဖေဖေမရှိတဲ့နောက်ဖေဖေ့ကိုယ်ပွားလေးဆိုပြီးအရမ်းချစ်သည် အခုချိန်ထိကလေးတယောက်လိုပင်ပြုမူဆဲပင်
"သားသား ကျောင်းရောက်ပြီ မတည့်တာတွေမစားနဲ့နော် ညနေကျောင်းဆင်းချိန်မာမီလာကြိုမယ် မွ"
မေမေကပြောပြီးသူ့နဖူးလေးအား ဖွဖွလေးနမ်းလေသည်။
"ဟုတ် တာ့တာ့ မာမီ ကောင်းကောင်းပြန်ပါ "
သူ မာမီ့ကိုနှုတ်ဆက်ပြီးအခန်းထဲ ဝင်လာလိုက်သည်။
"ရာစု ငါတို့ဒီမှာ"
ရာစု ငယ်ငယ်ကထဲကပေါင်းလာသည့် မင်းဆက်သစ်နှင့် မာန် တို့ဆီသွားလိုက်သည်။
"နောက်ကျလာချည်လား အသဲလေး"
မာန်က သူထိုင်ထိုင်ချင်းသူ့ပုခုံးအားဖက်ကာ ရင်ခွင်ထဲဆွဲသွင်းလေသည်။ဤအရာက မာန်နေ့စဉ်ပြုမူနေသည့်အပြုအမူ ရာစု မာန့်လက်ထဲက ရုန်းထွက်ရင်း
"မဟုတ်ပါဘူး မာမီလိုက်ပို့တာလေ ငါညက စာကြည့်တာ နဲနဲကြာသွားလို့ မနက်ထတာ နောက်ကျတာ"
"အင်းပါ babyရ ကိုကိုတို့က ဘာများဖြစ်လို့လဲလို့ မေးကြည့်ပေးတာ"
မင်းဆက်သစ်ကပါ စလာလေသည်။ထိုစဉ် သူတိူ့အရှေ့ကခုံမှ မိန်းကလေးများထံမှ အသံကျွတ်စီကျွတ်စီထွက်လာလေသည်။
YOU ARE READING
MAMA'S Boy
Teen Fiction#ငါ့အပေါ် ကျူးလွန်ပြီး နာကျင်အောင်လုပ်ထားသမျှ ခင်များသားကို ရအောင်ယူပြီး နှိပ်စက်ပြမယ် #ကောင်းကင်ဈာန် #ကိုကို ကျနော့်အပေါ်အနိုင်ယူပါ ကျနော်ကကိုကို့ကို အရမ်းချစ်တာမို့ အပြစ်မမြင်ပါဘူး