နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ လူကိုကြည့်ပြီး အဝတ်တွေကိုဆွဲချွတ်ပစ်တယ်။ သူကသူငယ်ချင်းကောင်းမို့အနစ်နာခံမယ်။ ဖြူဝင်းနေတဲ့ အဲ့ဒီကိုယ်ကိုကြည့်ပြီး စိတ်တွေက သရိုးသရီဖြစ်လာတာ!

ရိပေါ်ရင်ဘတ်ကိုဖိလိုက်တယ်။

တော်ပြီ အဲ့ဒါတွေကိုပြန်မတွေးဘူး!

...........

"Ho......~ တိုက်ဆိုင်လိုက်တာနော်"

ချီးပဲတိုက်ဆိုင်!

ကော်ဖီခွက်ယူပြီးလှည့်ထွက်တော့ ဘေးကနေ တောက်လျှောက်ကပ်ပါလာတယ်။ ဒီဆိုင်သေးသေးမှာ ရှောင်းကျန့်ကော်ဖီလာဝယ်သောက်လာတာ ခြောက်နှစ်ရှိပြီ။ အခုမှ တစ်ပတ်တိတိ နေ့တိုင်းတိုက်ဆိုင်နေတာ ရိုးရိုးသားသားလို့ပြောကြည့် ဘယ်သူယုံမှာတဲ့လဲ! ထိုင်ချပြီးပါလာတဲ့စာအုပ်တွေကိုဆွဲလှန်တယ်။ အကုန်ဆွဲလုခံရတယ်။ လက်ဖဝါးကိုချုပ်ပြီး သူ့ဘက်ကိုဆွဲတော့ ရှောင်းကျန့်ဒေါသထွက်လာပြီ! လူတွေမြင်မှာစိုးလို့ တိုးတိုးကျိတ်ကျိတ်ရုန်းလဲ သကောင့်သားက လွတ်မပေးဘူး!

မပျင်းမရိလိုက်နှောင့်ယှက်နိုင်လွန်းတဲ့ကောင်!

"ဆေးရုံပြောင်းကြရအောင်..ဟမ်"

ပါးပါးလှပ်လှပ်အပြုံးတွေက ရှောင်းကျန့်မာနကိုတတိတိပဲတိုက်စားတယ်။ တစ်ပတ်လုံးလုံးတောင်းဆိုနေတဲ့ အရာ!

"ဆေးရုံပြောင်းရင်တောင် ငါနဲ့ယွီလန်က ဒီအတိုင်းရှိနေမှာပဲ။ မင်းက ယွီလန်ကိုကြိုက်နေတာလား မင်းသူငယ်ချင်းက ယွီလန်ကိုကြိုက်နေတာလား"

"အိုး........ဒါက စစ်မျက်နှာဖွင့်လိုက်တဲ့သဘောပေါ့!"

အရေးလုပ်ပြီးတောင် ရှောင်းကျန့်စကားမပြောချင်တော့ဘူး။ ထင်ချင်သလိုထင်! လုပ်ချင်သလိုသာလုပ်! ငါ့မှာ ဘာမှထပ်ပြီး ခင်တွယ်စရာမရှိဘူး!

"Ho...~ ခင်များတော့မသိဘူး! အဲ့ဒီညက ခင်များကိုကြည့်ပြီး.သုံးကြိမ်တောင်ပြီးခဲ့တာ"

ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ဆီကနေ ထိကပါးရိကပါးနဲ့ အရသာခံပြီး ပြောတာကို လက်သင့်ခံနေကတဲ့လူရဲ့ဒေါသက ဘယ်အတိုင်းအတာအထိ ဆွဲဆန့်လို့ရနိုင်မလဲ?

ရိပေါ်ရှေ့ကလူကတော့ ချွေးစေးတွေသီးနေတဲ့ နားထင်ရဲရဲတွေနဲ့ အတူ ထပြန်သွားတယ်။ ရိပေါ်ကို လူတွေက နတ်ဆိုးနဲ့တူတယ်တဲ့! တစ်ခါတစ်ခါသိပ်လှတယ်လို့ပြောကြသေးတယ်။ ရိပေါ်ကိုလူငယ်ကလေးတွေအားလုံးက အားကျတယ်။ သူ့မှာ အဲ့ဒီလိုအားကျရလောက်တဲ့ အရည်အချင်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက ဒီလူရှေ့မှာတော့ အရေးမပါအသုံးမဝင်တဲ့ဟာတွေလိုပဲ။ လွယ်လွယ်လေးပဲ လစ်လျူရှုခံရတယ်။ ဒေါသကိုတောင် ချွေတာပြီး တစ်နေ့ကိုဘယ်နှဆစ်ပဲ ထွက်ရမယ်လို့ကန့်သတ်ထားတဲ့ ဘဲကြီး!

ပူလောင်အောင်လုပ်ပစ်လိုက်တာက သူ! ပူလောင်ပြီး ကျန်ခဲ့တာလဲ သူပဲ!

အေးချမ်းနေတဲ့လူတွေကို ပူလောင်ငိုကြွေးလာအောင် သိပ်လုပ်ပစ်ချင်တာပဲ!

အထူးသဖြင့် သူ့ကို လစ်လျူရှု ဖို့ရာ ကြိုးပမ်းတတ်လွန်းတဲ့ အဲ့ဒီလူကို!

.......

Wind Farm||Completed!||Donde viven las historias. Descúbrelo ahora