သိပ်ချစ်ပေမယ့်.. အခန်း(၂၉)

Start from the beginning
                                    

"နောက်တစ်ခါကျရင်
တွဲရအောင်လို့မပြောပါနဲ့တော့။
တစ်ယောက်ယောက်များ ကြားသွားရင်
မင်း ကို ထိခိုက်စေလိမ့်မယ်"

ပါးစပ်နားကို လက်ဖြင့်လာ၍အုပ်ဖုံးကာ တစ်ယောက်ယောက်များရှိနေသည်လားဟု သံသယစိတ်ဖြင့်ဘေးဘီသို့ ဝေ့ဝဲကြည့်နေသော ရှောင်ကျန့်၏ မျက်ဝန်းတို့ကို ကြေကွဲဝမ်းနည်းစွာဖြင့်ပင် ရိပေါ် ငေးစိုက်ကြည့်နေခဲ့ရသည်။

ည သန်းခေါင်ကျော်အချိန်ဖြစ်၍ ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်လို့နေသည်။

ခေါင်းမိုးထပ်တွင် မည်သူမျှမရှိ။ သူနှင့်ကောသာရှိသည်။

"ကော အစိုးရိမ်လွန်နေပြီ
စောစောအနားယူလိုက်ပါဦး"ရိပေါ် ထိုသို့ဖြင့်သာ ရှောင်ကျန့်၏ စိုးရိမ်စိတ်တို့ကို တည်ငြိမ်စေသည်။

သူ့၏ကောတွင် စိုးရိမ်လွန်ရောဂါကျရောက်နေပြီဖြစ်သည်။ အရင်က ကောသည် သူ့အားအရမ်းရင်းနှီးစွာ ပြောဆိုဆက်ဆံသည်။ ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်သူမဟုတ်။ သူ အနုပညာရှင်မဖြစ်ခင် အချိန်ကာလက သူနှင့်အတူရှိခဲ့ဖူးသည့် ကောကို ပြန်လိုချင်သည်။
ယုံကြည်ချက်ရှိရှိဖြင့် သူ့အားအချစ်ဆုံးပါဟု ပြောဆိုသော စကားသံတို့ကို ပြန်ကြားချင်သေးသည်။

"ကော လာ ပြန်ဆင်းကြရအောင်
ဒီနေ့ကျနော် ပြောခဲ့တာတွေကို
စိတ်ထဲ ထားမနေနဲ့ "

"ကတိပေးပါ "

"ကတိပေးတယ်
ကျနော် နောက်ထပ်မပြောတော့ဘူး
ဟုတ်ပြီလား"

လက်သန်းချင်းချိတ်ကတိပြုဖို့ ရှောင်ကျန့် ကမ်းလှမ်းလာသည်။ ကလေးဆန်လွန်းသော ရှောင်ကျန့်ကိုကြည့်ရင်း ရိပေါ် သဘောကျပြုံးကာဖြင့်

"ကလေးဆန်လိုက်တာ..."

လက်သန်းချင်းချိတ် လက်မချင်းဖိကပ်လိုက်ကြသည်။

"လက်ဗွေနှိပ်ပြီးပြီနော် ကော
အနမ်းနဲ့ သက်သေပြရဦးမလား"

"မပြနဲ့ ငါ မင်းကိုယုံတယ်။"

"ဟာ့ ဟား ဒီလိုကျတော့ ကော က ကျနော့်ကို ချက်ချင်းကြီးယုံကြည်လိုက်ပြီပေါ့လေ

Unknown Heartbeat  [Z&U]Where stories live. Discover now