သိပ်ချစ်ပေမယ့်.. အခန်း(၂၉)

1.8K 142 8
                                    

"ကျနော်တွေးထင်ထားတာထက်ကိုပိုပြီး
ကော က  ကျနော့်ကို ချစ်နေပေးခဲ့တာပဲ။ "

"ဟ ဟား "

"ကော ဖွင့်ဟ ဝန်ခံခဲ့တယ်မလား
ကျနော့်နဲ့ထပ်တူခံစားချက်တွေရှိနေခဲ့တယ်
ဆိုတာကိုလေ"

"အင်း ငါပြောခဲ့ဖူးပါတယ်။"

"ကျနော့်ကို စောင့်နေပါလို့လည်း ကော
ကတိထား ခဲ့တယ်နော် "

"အင်း ငါမင်းဆီအရောက်လာခဲ့မယ်လို့လည်း
ကတိပေး ခဲ့ဖူးတယ်။"

"အခု ကျနော် ဒီထက်ပိုပြီး စောင့်မနေနိုင်တော့ဘူး
အခုပဲကျနော့်ဆီကို လာခဲ့ပေးလို့မရဘူးလား ဟင်"

"ကော!! ကျနော်တို့...... တွဲကြရအောင်"

"ဟင့်အင်း ရိပေါ် "

"ဘာဖြစ်လို့လဲ ကျနော်လည်း ကောကိုချစ်တယ်
ကောလည်း ကျနော့်ကို ချစ်နေခဲ့တာပဲလေ ချစ်သူ အချင်းချင်းတွဲတာ ဘာများဖြစ်သွားမှာမို့လို့လဲ"

"ငါ အဆင်သင့်မဖြစ်သေးဘူး ရိပေါ်
အတိအကျပြောရရင် ငါကြောက်တယ်။
မင်းကို ဆက်နွယ်လာမယ့်
မကောင်းသတင်းတွေကို ပိုကြောက်တယ်။
အနုပညာရှင်တစ်ယောက်ဖြစ်နေတဲ့မင်းအတွက်
ငါက ဘာကောင်းကျိုးမှ ဖြစ်စေမယ့်သူ မဟုတ်ဘူး"

"ကျနော်က အဲ့တာတွေကို ဂရုစိုက်နေမယ်လို့
ကော ထင်နေတာလား?"

"မထင်ပေမယ့် မင်းရဲ့ ဘဝကို ဒီမှာတင် အဆုံးမသတ်စေချင်ဘူး ရိပေါ်။ ငါ့ကြောင့်နဲ့ မင်းအိပ်မက်ကမ္ဘာလေး ပျက်စီးပျောက်ကွယ်သွားမှာ

ငါမလိုလားဘူး"

"ဒါဆို
ကျနော် ကောကိုလွမ်းတဲ့ စိတ်နဲ့သေသွားရင်ရော
ကောက အဲ့လိုမျိုးကို လိုလားတာလား"

"....."ရှောင်ကျန့် တိတ်ဆိတ်အံ့ကြိတ်နေလေသည်။
သူလည်းပဲ ရိပေါ်ကို လွမ်းနေခဲ့သည်လေ။
အဲ့ဒီ နာကျင်မှုတို့ကို သူသိပ်သိတာပေါ့။

လူတစ်ယောက်ကို ချစ်မိသွားတာနဲ့အမျှ အလွမ်းရဲ့ ဒဏ်ကိုတော့ ခံနိုင်ရည်ရှိရမှာပဲ မဟုတ်လား?

ရိပေါ် ငါခံနိုင်ရည်ရှိဖို့ကြိုးစားနေတာ မင်းသိရဲ့လား?

Unknown Heartbeat  [Z&U]Όπου ζουν οι ιστορίες. Ανακάλυψε τώρα