Part 4

25.9K 2.2K 158
                                    

"အင့်!"

ခံထားတဲ့လက်ထဲ တည့်တည့်ကျလာပေမဲ့လည်း
အင့်ခနဲမြည်သွားသေးသည့်ကောင်လေး။

"ချပေး...ချပေးလို့!"

အရပ်ကြီးကလန်ကလားနဲ့ကော့ထိုးပြီး
အော်နေသေးသည်ကသူ့မားVocalကို
အသာလေးမှီသည်။

"တအားမအော်နဲ့ဗျ...ခင်ဗျားစကားကြီးက
နားဝင်မချိုဘူး...!"

အောက်ကိုချပေးလိုက်တော့ ပေါ်နေသည့်
အကျီင်္စတွေကိုပြင်ပြီးဆွဲချကာ
သူ့ကိုလည်း မလုံမလဲလာကြည့်သေးသည်။

"ဘာလာလုပ်တာလဲ!"

ရှောင်ကျန့်စကားအဆုံး ခေါင်းကပူထူသွာတဲ့
ခံစားချက်နဲ့အတူ ယောင်းမကြီးနဲ့ရှောင်မား။

"ရှောင်ကျန့်..နင်ဟာလေ။
ညီလေးကိုနှုတ်ဆက်လိုက်အုံး!"

ရှောင်မားစကာကြောင့် ရိပေါ်မက်မွန်သီးလေးက
တအံ့တသြလှမ်းကြည့်ကာ

"ဒီဂျပုက ကျွန်တော့်ထက်ငယ်တာလား..!"

ရိပေါ်အံသာကြိတ်ထားမိသည်။
လူပဲပုတယ်ဆိုတာ ခင်ဗျားသိတဲ့နေ့
သိပ်နောက်မကျစေချင်ဘူး။

"ဘာဂျပုလဲ...ခင်ဗျားကသာ လွန်ကဲပြီးရှည်နေတာ!"

ရိပေါ်ခြေဖျားထောက်ပြီးရန်တွေ့မိတော့
ပြုံးစစနဲ့ကျွန်တော့်ယုန်လေး။

"ငါပြောတာအရပ်နဲ့မဆိုင်ဘူး။
ရုပ်ရည်နဲ့ဆိုင်တယ်။
မင်းအသက်ကဘယ်လောက်မို့
အဲ့လောက်ရုပ်ရင့် နေရတာလဲ...!"

သူပြောတာလဲဟုတ်ပါတယ်လေ။
ဒီမျက်နှာထားနဲ့လူကတော့
ရုပ်မရင့်ဘဲနေပါတော့မလဲ။

"သူ့နာမည်က ၀မ်ရိပေါ်...
ငါ့သူငယ်ချင်းရဲ့သား။
ကောင်းကောင်းကန်းကန်းဆက်ဆံ။
မင်းထက်အများကြီရင့်ကျက်တယ်..!"

"မားနော်.!"

အမလေး။နှုတ်ခမ်းလေးစူသွားပုံက
ကိုက်ဆွဲချင်စရာပါလား။
ဆရာရှောင်ရေ။ခင်ဗျားရဲ့အရာရာက
ဘာလို့ လှနေပါလိမ့်နော်။

ရှောင်မားမီးဖိုထဲပြန်ဝင်သွားချိန်မှာတော့
ကုတ်ချောင်းချောင်းနဲ့ဧည့်ခန်းဘက်ပြေးသွားတဲ့
ယုန်ဆိုးလေး။အားကိုးလေးဘေးနားရှိနေတုန်းစွာပြီး
နှစ်ယောက်တည်းကျန်ခဲ့ခါမှ သူမဟုတ်သလိုနဲ့။

Yibo's Baby{Completed}Where stories live. Discover now