/ Unicode /
" အကြမ်းရည် ရပါပြီ အရှင် "
အသိပေးအသံနဲ့ အထဲဝင်လာတဲ့ ကောင်မလေးဟာ
အငွေ့တစ်ထောင်းထောင်းထနေတဲ့ အကြမ်းရည်
တွေကို အဆင်သင့်ပြင်ပြီး ၊ စားပွဲပေါ်မှာ နေရာ
တကျ ချပေးသည် ။ ပြီးတဲ့အခါမှ ခေါင်းအသာ
ညွှတ်ကာ နှုတ်ဆက်ပြီး အဆောင်ထဲက ထွက်သွား
လေသည် ။
" ဒါ သမင်လား "
" မဟုတ်ပါဘူး ဒရယ်ပါ အရှင့်သား "
အိမ်ရှေ့စံရဲ့ အမေးကို နမ်ဂျွန်းက ခပ်ပြုံးပြုံးနဲ့
အဖြေပေးတယ် ။ အိမ်ရှေ့စံကတော့ ခေါင်းအသာ
ငြိမ့်ရင်း ကြွေပန်းကန်ထဲက ဒရယ်သားကင်ကို တူနဲ့
ညှပ်ယူကာ ဖြည်းဖြည်းချင်းဝါးသည် ။
" ပုံစံသာ တူတာ ၊ စားကြည့်တော့ အရသာ
မတူဘူးပဲ "
" ဟုတ်ပါတယ် ၊ ဒရယ်က ပိုချိုတာဆိုတော့ ၊
ကျွန်တော်တို့ ကတော့ ဒရယ်ကို ပိုကြိုက်တာပါပဲ "
နမ်ဂျွန်းရဲ့ စကားအဆုံးမှာ အိမ်ရှေ့စံက ခပ်တိုးတိုး
ရယ်တယ် ။ သိပ်စိတ်မပါလှတဲ့ သူကတော့
ပြုံးရုံအပြင် ဘာမှဝင်မပြောမိဘူး ။ အမှန်အတိုင်း
ပြောရရင် ၊ ဒီလို ထွေရာလေးပါး ပြောပြီး
စားသောက်နေရတဲ့ နေ့လည်စာ ထမင်းဝိုင်းဟာ
ဟိုဆော့ကို နည်းနည်း စိတ်ရှုပ်စေတယ် ။ နမ်ဂျွန်း
နဲ့လည်း စားသောက်ရင်း ဟိုဟိုဒီဒီပြောနေကြ
ဆိုပေမယ့် ဒီလိုမျိုးတော့ စိတ်မကျဥ်းကြပ်စေဘူး ။
" သင်တန်းသားတွေနဲ့ အဆင်ပြေရဲ့လား နမ်ဂျွန်း "
" အဆင်ပြေပါတယ် အရှင့်သား ၊ ကလေးတွေက
လိမ်မာကြပါတယ် "
" ကြားရတာ ဝမ်းသာစရာပဲ ၊ မင်း အတန်းမှာရော
ဟိုဆော့ "
ဒီတစ်ခါတော့ နာမည်တပ်ကာ မေးနေပြီမို့ ဟိုဆော့
စားလက်ကို ခပ်မြန်မြန်မျိုချကာ ၊ အိမ်ရှေ့စံကို
တစ်ချက်ကြည့်လိုက်သည် ။
" တစ်ယောက်လောက်ပါပဲ ၊ ကျန်တဲ့ကလေးတွေက
မင်ဆူ့လက်အောက်မှာ အကုန်လုံး အဆင်ပြေ
နေပါတယ် "
ပုံမှန်လေးနဲ့ ရှင်းပြတဲ့ သူ့စကားကို အိမ်ရှေ့စံ
က ခေါင်းတစ်ဆတ်ဆတ်ငြိမ့်သည် ။ ပြီးတော့
လက်ထဲက တူကို ချလိုက်ပြီး အကြမ်းရည်ခွက်ကို
ယူသောက်နေပြန်သည် ။
YOU ARE READING
Once Upon A Time